《 Mission of Gravity 》

248 40 19
                                    

[Unicode]

မနက်ခင်းအစောပိုင်းက Star Network တွင် သတင်းတစ်ပုဒ် ပေါက်ကွဲထွက်လာသည်နှင့်အတူ စတားဂါ့တ်အင်ပါယာတစ်ဝှမ်းရှိ ပြည်သူလုထုသည် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ လူအပေါင်းကို တုန်လှုပ်သွားစေသော ထိုသတင်းမှာ အင်ပါယာ၏ နှစ်ယောက်မရှိသည့် ဆက်ခံသူမင်းသားလေး ' ခရမ်းမိုးကြိုး ' ကြယ်ဓားပြအဖွဲ့ထံတွင် ဖမ်းဆီးခံလိုက်ရပြီ ဟူ၍ ဖြစ်၏။

အင်ပါယာ၏ ဆက်ခံသူမင်းသားသည် စွမ်းဆောင်နိုင်ရည် ပြည့်ဝသော alpha တစ်ဦးဖြစ်ပြီး SSS level စိတ်စွမ်းအား နှင့် S level ရုပ်ပိုင်းဆိုင်ရာစွမ်းရည် ရှိသည်။ အင်ပါယာတွင် စွမ်းအင်အဆင့်များအား F မှ A အထိ ခွဲခြားထားကာ F သည် အနိမ့်ဆုံးဖြစ်၍ A မှာမူ အတော်အတန် မြင့်သည်ဟု ဆိုနိုင်သည်။ A အထက်၌ S, SS, SSS ဟူ၍ ရှိပြီး SSS+ level စွမ်းအားရှိသူမှာ ဒဏ္ဍာရီလာပုဂ္ဂိုလ်ဟုပင် ဆိုနိုင်သည်။ စတားဂါတ့်အင်ပါယာတစ်ခုလုံး၌ ထိုသို့သော ပုဂ္ဂိုလ်က တစ်ဦးသာရှိပြီး အနှီသူသည် အင်ပါယာ၏ ဗိုလ်ချုပ်ကြီးဖြစ်ကာ SSS level စိတ်စွမ်းအားနှင့် SSS+ level ရုပ်ပိုင်းရာစွမ်းရည်ကို ပိုင်ဆိုင်သည်။

SSS+ level စွမ်းအားရှင် မဟုတ်သည့်တိုင် ဗိုလ်ချုပ်ကြီးနှင့်ပင် ရင်ဘောင်တန်းနိုင်စွမ်း ရှိသည့် မင်းသားငယ်သည် ကြယ်ဓားပြများထံ ဖမ်းဆီးခံလိုက်ရသည်ကို ပြည်သူများမှာ မယုံကြည်နိုင်ကြဘဲ ရှိနေသည်။ အင်ပါယာခုံရုံးမှလည်း ထိုသတင်းကို အတည်ပြုပေးလာခြင်း မရှိသေးရာ Star Network ပေါ်တွင် ငြင်းခုံဆွေးနွေးမှုများ ဆက်လက် ဖြစ်ပွါးနေပြီး အကျိုးဆက်အနေနှင့် Star Network တစ်ခုလုံး ပွက်လောရိုက်နေတော့သည်။

အင်ပါယာနန်းတော်နှင့် မနီးမဝေး၊ အဆောက်အဦးမြင့်တစ်ခုထက်သို့ မိုးပျံယာဉ်တစ်စင်း ရပ်နားလာပြီး ထိုအပေါ်မှ အရပ်မြင့်မြင့် လူနှစ်ဦး ဆင်းလာသည်။

၎င်းတို့နှစ်ဦးအနက် ရှေ့မှလျှောက်နေသော လူ၏ အမူအရာက စကားနှင့် မဖော်ပြနိုင်လောက်အောင် တင်းမာခက်ထန်နေပြီး တစ်ကိုယ်လုံးမှ သေစေနိုင်သော အရှိန်အဝါပြင်းပြင်းများ ထုတ်လွှတ်နေသည်။ သာမန် စွမ်းအားမရှိသည့် omega တစ်ဦးသာ အနီးတွင် ရှိနေပါက ထိုအရှိန်အဝါ၏ သက်ရောက်မှုအောက်တွင် ချက်ချင်း မေ့လဲသွားနိုင်သည်။ နောက်မှလိုက်လာသော လူ၏ အမူအရာမှာလည်း သိပ်တော့မကောင်းလှ။ မျက်ခုံးနှစ်ဖက်ကို တင်းတင်းကုပ်ထားပြီး တစ်စုံတစ်ရာကို အလေးအနက် တွေးတောနေပုံ ရသည်။

Miracle || OneShotsWhere stories live. Discover now