part 1
24.1K 1.2K 244
"အား..ကျွတ်..ကျွတ် "
"ဧကရီလေးနိုးလာပြီးလား"
"ဒါဘယ်နေရာလဲ"
"ဒါဝမ်တိုင်းပြည်ပါ ဧကရီလေး သက်သာပါရဲ့လား"
ရှောင်ကျန့်တစ်ယောက်မျက်လုံးအသာဖွင့်ကာ
အခန်းအားအကဲခပ်ကြည့်လိုက်သည်။
၂၁ရာစုမှာ သေဆုံးခဲ့ပြီး ယခုဘယ်နေရာကို
ရောက်နေခဲ့လဲဆိုတာ သူတွေးနေသည်။
" ဝမ်တိုင်းပြည် ဝမ်ဘုရင် ဝမ်ရိပေါ်လား"
သူကျောင်းမှာ  နတ်ဘုရားကဲ့သို့ထူး
ချွန်ထက်မြတ်သည့် ဝမ်ဘုရင်အကြောင်းသင်
ခဲ့ဖူးပြီး ထိုလူတွင်ပထမဆုံးအမျိုးသား ဧကရီ
တစ်ဦးလဲရှိသည်။ထိုအမျိုးသားဧကရီက သူ့နာ
မည်နှင့်တူသောကြောင့် သမိုင်းကြောင်းကို
အစဆုံးလေ့လာခဲ့သည်။
"ဟုတ်တယ်လေ ဧကရီ "
"ဧကရီ ငါကလား မဟုတ်မှာ ဧကရီ
ရှောင်ကျန့်လား"
"ဟုတ်ပါတယ်မနေ့က မိုးမြေကန်တော့ပြီးတာနဲ့ ဧကရီကမေ့လဲသွားတာပါ"
*ဘုရားရေ အချိန်ကောင်းရောက်လာတာဘဲ
အားး ဟိုဗီလိမ်မ လဲနန်းတွင်းရောက်နေ
လောက်ပြီး မဖြစ်ဘူး ဝမ်ဘုရင်ကိုငါ့ဘက်ပါ
အောင်မြူစွယ်ရမယ် *
"စားစရာတစ်ခုခုရနိုင်မလား"
"ကျမယူပေးပါ့မယ် "
သူမထွက်သွားမှရှောင်ကျန့်ဇာတ်ကြောင်းကိုပြန်
တွေးလိုက်သည်။ဝမ်ဘုရင်ရဲ့ဇာတာတွက်ချက်
ရာတွင် ရှောင်မျိုးရိုးမှသားဖြစ်သူအားဧကရီ
မြောက်မှသာ ဝမ်ဘုရင်ဟာ ၇ ပြည်ထောင်မင်း
ကြီးဖြစ်မည်ဆိုသောကြောင့် ရှောင်ကျန့်အား
ဧကရီမြောက်ခဲ့သည်။ဝမ်ဘုရင်ဟာ ရှောင်ကျန့်
ရဲ့ရုပ်ရည်ကိုပုဝါအောက်ကသာမြင်ဖူးသည်။
ဝမ်ဘုရင်တွင် ဧကရီတစ်ပါးနဲ့မိဖုရားတစ်ပါးသာရှိသည်။မိဖုရားကတော့ အားလုံးတွက်မင်းသမီးပေမယ့်ရှောင်ကျန့်တွက်တော့ဗီလိန်မ
ဖြစ်သည်။သူမဟာအကြံစည်နဲ့မင်းကြီးရဲ့
အသက်သခင်ကျေးဇူးရှင်အဖြစ်နန်းတော်ထဲ
ရောက်လာသူဖြစ်ကာ မင်းကြီးထံမှ မိဖုရား
ဖြစ်ခွင့်တောင်းပြီး မိဖုရားဖြစ်လာသူဖြစ်သည်။