part 8
7.2K 706 30
ရှောင်ကျန့်အားသမားတော်မှ ဆေးထည့်ပေး
ပြီးသည်နှင့်သောက်ဆေးအားဝင်အောင်
တိုက်ရန် မှာကာပြန်သွားသည်။ ကုတင်အောက်
တွင် ဝမ်နင်နဲ့မင်းသားနှစ်ယောက်က ထိုင်ကာ
ရှောင်ကျန့်အားထိချင်ပေမယ့် နာသွားမည်စိုး
သောကြောင့် မျက်ရည်အဝဲသားနှင့်ထိုင်ကြည့်
နေသည်။ရိပေါ်က ဒီရဘ ဘက်လှည့်ကာ
" ဘယ်လိုစဖြစ်တာလဲ "
" မနေ့ နေ့လည်ကစတာဘဲ သူမကအရင်
မင်းကြီးပေးထားတဲ့ဆံထိုးကိုချိုးလို့ ရှောင်ကျန့်
ကပါးချလိုက်တာ ညရောက်တော့ ရှောင်ကျန့်
အော်သံကြားလို့ သွားကြည့်လိုက်တော့
အပျိုတော်တစ်ယောက်က အဝတ်မပါဘဲ
ရှောင်ကျန့်အဆောင်ရှေ့သေနေတာ အဲ့ဒါကို
ဟိုမိန်းမက ရှောင်ကျန့်သတ်ပါတယ်ဆိုပြီး
စွပ်ဆွဲတယ်ပြီးတော့ ဘူးသီးဘေးပိန် ခေါင်း
ဆောင်ဆိုပြီး လူကုန်ကူးတာ ဓားပြတိုက်တာ
ရော ဆိုပြီးဖမ်းချုပ်ထားတာဘဲ "
" တောက်! "
" ရှောင်ကျန့်က အဲ့လိုလူမျိုးမဟုတ်တာ မင်းကြီး
ယုံတယ်မလား "
" ငါယုံတယ် ငါစုံစမ်းထားတဲ့ဘူးသီးဘေးပိန်
အဖွဲ့ကလဲ သူပြောသလိုမဟုတ်ဘူး ကလေး
ကစားစရာလိုငွေနှစ်ပဲခြောက်ပြားလောက်နဲ့
အပျင်းပြေလုပ်နေကြတာ "
" အင်း အဲ့မိန်းမကိုဘယ်လိုစီရင်မလဲ အခွင့်ထူးခံဆိုပြီးလာမပြောနဲ့နော် မင်းကြီးမသတ်ရင် ကျမ
သတ်မယ်"
" ငါကိုယ်တိုင်သတ်ပစ်မှာ "
တစ်ဖက်က ကွေ့ဇီကတော့ နန်းဆောင်ထဲတွင်
ဟိုဘက်လျောက်ဒီဘက်လျောက်လုပ်နေသည်။
" အရှင်က ဘယ်လိုဖြစ်ပြီးပြန်ရောက်လာတာလဲ
မဖြစ်ဘူး သက်သေဖျောက်ရမယ် "
သူမလဲ အပျိုတော်ကိုသတ်တဲ့ လူအားအစ
ဖျောက်ရန် အထိန်းတော်အားခေါ်ပြီး အဆိပ်ခပ်
ခိုင်းလိုက်သည်။
နောက်တစ်နေ့မနက်တွင်တော့ ညီလာခံတွင်
မင်းသမီးရာဘနဲ့ကွေ့ဇီအပြင် မင်းသားနှစ်ပါး
နဲ့ဝမ်နင်ပါတက်ရသည်။
" အားလုံးသိပြီးကြတဲ့တိုင်း ခုပြဿ      နာက
လုပ်ကြံခံလိုက်ရတယ်ဆိုတာဘဲ "