part 13
5.9K 593 12
တစ်လခန့်ကြာသော်
ဝတ္ထုထဲမှာတွေ့ခဲ့လူတွေလဲဆုံတွေ့ပြီးကြပြီး...
ဒါပေမယ့် ဝမ်ညီကိုနှစ်ယောက်နဲ့ထယ်ယောင်
တို့ကိုတော့မတွေ့သေးပေ။တစ်လအတွင်းမှာ
ကွေ့ဇီဘက်က ရှောင်ကျန့်မကောင်း သတင်း
တွေကိုအမျိုးမျိုးလွင့်ပေမယ့် တစ်ခါလွင့်တိုင်း
သူမရဲ့ လျို့ဝှက်ချက်တစ်ခုထွက်ပေါ်တတ်တာ
ကြောင့်သူမဘက်ကတော်တော်ခြေငြိမ်နေ
သည်။ ယနေ့တော့ရှောင်ကျန့်တစ်ယောက်
ရိပေါ်ရဲ့ ကြေညာရိုက်ကွင်းသို့သွားရန် ကျောင်း
မှထွက်လာခဲ့သည်။ရှောင်ကျန့်လာတာမြင်တော့
ရိပေါ်ရဲ့မန်နေဂျာက လာကြိုပေးပြီးနေရာပေး
သည်။
" မန်နေဂျာကြီး ရိပေါ်ကကြာအုံးမလား"
" ကြာမယ်ထင်တယ် ရိပေါ်အခုစိတ်တိုနေတာ"
"ဘာလို့လဲ"
" ဟိုကိုကြည့် "
မန်နေဂျာပြသည့်နေရာကိုကြည့်လိုက်တော့
တွဲ့ရိုက်ရမည့်မင်းသမီးကကွေ့ဇီဖြစ်နေသည်။
" အဲ ပြောတုန်းကမင်းသမီးကတခြားတစ်
ယောက်ပါ"
"ဟုတ်တယ် သူမကငွေပေးပြီးဝင်လာတာ
ရိုက်ကွင်းတစ်ခုလုံးသူမလူကြီးဘဲ ရိပေါ်နဲ့
Rumor ထွက်ချင်နေတာလေ "
"ဒီမိနစ်ပိုင်းကြေညာလေးကိုတောင် နေရာ
ဖြတ်ယူနေတာ တော်တော်ဆာတာဘဲ"
" ခနနေသူတို့တွဲရိုက်ရတော့မှာ "
ရိပေါ်လဲ သူ့အပိုင်းလေးရိုက်ပြီးတော့နေရာပြန်
ရန်ပြန်စဉ် ကွေ့ဇီရဲ့မိတ်ကပ်ဆရာမက...
" ဝမ်ရိပေါ် ကျမရဲ့မင်းသမီးမိတ်ကပ်ကိုကြည့်
ပေးပါအုံး"
"ငါက မိတ်ကပ်ပြင်တဲ့မာမီမဟုတ်ဘူး"
"ခနနေတူတူရိုက်ရမယ့်အခန်းမှာ ဘာအ
ရောင်ဝတ်မှာလဲ"
" မင်းအလုပ်မဟုတ်ဘူး"
ကွေ့ဇီကရိပေါ်နားလာကာ အင်္ကျီလက်အားဆွဲ
ပြီး...
"ရိပေါ် တို့ကိုမစိမ်းကားပါနဲ့ကွာ အရင်မင်းသမီး
ကမအားလို့တို့ကဝင်ရိုက်ပေးရတာ တို့လို
မင်းသမီးက ဒီလိုကြေငြာတွေရိုက်ရတာအရန်း
အောက်တာ ရိပေါ်နဲ့မို့ ဟင်းဟင်း"