🌹 1 🌹

1.1K 71 11
                                    

"Daddy ရေ.... Daddy.... သားသား ပြန်လာပြီလေ
Mommy ရေ....... သားသားကိုထွက်မကြိုကြတော့ဘူးလား "

Do Kyung Soo တစ်ယောက် ကျောင်းကပြန်လာလာချင်း အိမ်ပေါက်ဝမှာ ပြဲလန်နေအောင်အော်နေခြင်းပင်။

သားသားသားနဲ့ အမြဲပြောတတ်တဲ့ကောင်လေးက ကလေးဆန်ပြီးအဆင့်အတန်းခွဲခြားခြင်း မောက်မာခြင်းမရှိပေမဲ့ လိုချင်တာကိုမရရအောင်ယူပြီးဖြစ်ချင်တာကိုလည်းမဖြစ်ဖြစ်အောင်ကြိုးစားတတ်တဲ့သူလေးပင်။

"အမလေး မာမီ့ သားသားလေးပြန်လာပီလား။ ပြောပါဦး ဒီနေ့စတတ်ရတဲ့ အထက်တန်းကျောင်းကဘယ်လိုနေလဲ ။ အသံကြားရတာတော့ ကျောင်းမှာအခြေအနေကောင်းလာခဲ့ပုံပဲ"

"ဟီးး ဟီးး ဟုတ်တယ် သားသားတတ်ချင်တဲ့ကျောင်းကို မာမီတို့ကလိုက်ပြောင်းထားပေးတာပဲကို သားသားက အဆင်ပြေအောင်လိမ်လိမ်မာမာလေးနေခဲ့တာပေါ့လို့"

ဟုတ်ပါတယ် Kyung Sooလေးက ဆိုးလ်မြို့ကအထက်တန်းကျောင်းမှာမှ တက်ချင်ပါသည် ဆိုတာကြောင့် ဆိုးလ်မြို့လူကုံထံရပ်ကွက်မှာ အိမ်ကောင်းကောင်းတစ်လုံးကိုချက်ချင်းဝယ်ကာ ကျောင်းလာထားရခြင်းပင်။

"အမလေးး စကားတေတတ်နေလိုက်တာ သွားရေချိုးပြီးအဝတ်လဲလိုက်ဦး မာမီညစာပြင်ထားလိုက်မယ်"

"ဟုတ်မာမီ ဒါနဲ့ ဒယ်ဒီရော"

"သားသား ဒယ်ဒီ ကုမ္ပဏီမှာ အရေးပေါ်meetingလုပ်နေရလို့ ပြန်မလာသေးဘူး ခနနေရင်လာမယ်လို့တော့ ဖုန်းဆက်တာပဲ "

"ဪ ဟုတ် ဟုတ် ဒါဆို သားသားအခန်းထဲသွားပြီနော် "
.....................
ထမင်းစားခန်းတွင် *****

"ဒယ်ဒီ့ရဲ့သားလေး ပြောပါဦး ပထမဆုံးကျောင်းတက်ရက်အတွေ့အကြုံလေး"

"အရမ်းမိုက်တယ် ဒယ်ဒီ ။ ကျောင်းဝန်းကကျယ်ပြီး အားကစားရုံကသက်သက်ရှိတဲ့အပြင် ဘောလုံးကွင်း
ရေကူးကန် နဲ့ တစ်ခြားအားကစားကွင်းတေပါရှိတာ
၊စာကြည့်တိုက်ကလည်းရှယ်ပဲ ၊ ကန်တင်းလည်း နှစ်ခုတောင်ရှိလို့ အဆင်ပြေသလားမမေးနဲ့"

"ဟုတ်ပါပီကွာ သူငယ်ချင်းအသစ်တွေရော ရခဲ့လား"

"ရခဲ့တယ် ရခဲ့တယ် နှစ်ယောက်တောင် ဒါပေမဲ့ သားသားတို့တွေ့တာ ရီရတယ် ခွီးးးး"

ROSE (Complete)Where stories live. Discover now