🌹 7 🌹

325 44 5
                                    

"ဟေးး မင်းတို့တွေ ဒီရုပ်ထုကိုလာကြည့်စမ်းပါ"

ကျောင်းသားတစ်ယောက်အော်သံကြောင့် လူအကုန်အသံလာရာကိုအပြေးအလွှားစုစည်းသွားကြသည်။

"ဒီလူက ဘုရင်ထင်တယ်နော် သူ့မှာနဂါးပုံဆံထိုးနဲ့ဆိုတော့လေ ပေါင်ပေါ်ကအမြှီးကိုးချောင်းနဲ့က မြေခွေးလေးလားမသိဘူး"

"အေးနော် ဒါဆို အမြှီးကိုးချောင်းမြေခွေးကတကယ်ရှိခဲ့တာပေါ့ "

ကျောင်းသားများတစ်ယောက်တစ်ခွန်းပြောကြရင်း ဓာတ်ပုံရိုက်တဲ့သူကရိုက် ရုပ်ထုနဲ့တွဲရိုက်တဲ့သူကရိုက်နဲ့လုပ်ကြရင်း တစ်နာရီနီးပါးကြာတော့ အဲ့နားလည်းလူရှင်းသွားသည်။ အဲ့တော့မှ Kyung Sooကရုပ်ထုနားကိုလာကာ

"အရှင် ကျနော့်ကိုဘယ်တော့မှမှတ်မိမှာလဲ"

အတွေးထဲတွင် အရှင်နဲ့သူ့ရဲ့ ပုံရိပ်များထင်ဟပ်လာပြန်သည်။

(ဟားးဟားး Sooလေး မင်းအမွှေးတွေက ကိုယ်တော့်နှုတ်ခေါင်းကိုလာပွတ်နေတာ ယားတယ် ဟားး

Soo လေး လာကိုယ်တော့်ပေါင်ပေါ်ကို ကိုယ်တော် စာပေလိပ်တွေခဏဖတ်ဦးမယ် ပေါင်ပေါ်မှာအိပ်တော့နော်

Sooလေး လူပုံစံပြန်ပြောင်းတော့ လူလာနေတယ်

အထိန်းတော်ကြီး ပန်းချီဆရာတစ်ယောက် ခေါ်ခဲ့စမ်း ငါကိုယ်တော်ရဲ့ပုံစံတူကိုဆွဲချင်တယ်

Sooလေး ကိုယ်တော့်ဆီကိုလာ Sooလေးနဲ့ကိုယ်တော်ရဲ့ပုံက်ိုဆွဲထားရအောင်

ပန်းချီဆရာကြီး အမွှေးလေးတစ်ပင်ကအစသေသေချာချာလေးဆွဲမယ်နော်

ဝါးးး လှလိုက်တာအရှင် ကျနော်တို့ပုံကသိပ်လှတာပဲ
အရှင်ကအရမ်းကြည့်ကောင်းတာပဲ

ဒီပုံကိုပန်းပုရုပ်ထုပြီးကိုယ်တော်ရဲ့အိပ်ဆောင်ထဲမှာ ထားရှိစေ ၊

Soo‌ လေးပန်းပုရုပ်မှာအံဝှက်တစ်ခုလုပ်ပြီး ပန်းချီပုံတူကို ထည့်သိမ်းထားမယ်နော်

ဟုတ် အရှင့်သဘော )

Kyung Sooတစ်ယောက် ရုပ်ထုကိုပွတ်သပ်ကြည့်ပြီးနောက်ကျောဘက်မှာရှိတဲ့ အံဝှက်လေးကို ဖွင့်လိုက်ကာ ပန်းချီလေးကိုထုတ်ယူလိုက်သည်။ ပြီးတော့သူသိမ်းထားလိုက်ကာ အရှင့်ရဲ့နဖူးလေးကိုနမ်းရင်းထွက်သွားတော့သည်။ သူထွက်သွားတော့အကွယ်တစ်နေရာကနေကြည့်နေတဲ့ Chanyeolကထွက်လာကာ ရုပ်ထုကိုကြည့်ရင်း မျက်ရည်များကျလာရသည်။

ROSE (Complete)Tahanan ng mga kuwento. Tumuklas ngayon