🌹 2 🌹

540 56 6
                                    

"ဒယ်ဒီ သူရော........"

"အဟားးး သားသားက ခုထိသူ့ကိုမမေ့သေးဘူးလား"

"ဟင့်အင်း သူ့ကိုမမေ့ပါဘူး သူနဲ့ဆုံ‌ချင်လွန်းလို့ သားသားဒီကျောင်းကိုမရမကပြောင်းလာတာပဲကို ၊ ဒယ်ဒီသူ့ကိုသေချာစောင့်ကြည့်ပေးရမယ်နော် သူ့ဘဝကိုဝင်စွက်ဖက်နေတာမျိုးမဟုတ်ပေမဲ့ သူအဆင်ပြေပြေရှိနေရဲ့လားဆိုတာရယ်၊ သူဘာတေဝါသနာပါပီး ဘာတေလုပ်သလဲဆိုတာရယ် အဲ့လိုမျိုးပေါ့"

"အမလေးးဗျာ ကောင်းပါပီသခင်လေးဒိုဂယောင်ဆူခင်ဗျ ဒီကဖေဖေကြီးက လူလွှတ်ပြီးကာကွယ်ပေးခိုင်းထားပါတယ်ခင်ဗျာ"

"ဟားးဟားးး daddyကတော့နောက်ပြီဗျာ ၊ သားသားသွားအိပ်တော့မယ် Goodnight daddy , Goodnight mommy , sweet dreams 💙"

"Same to you baby , Love you "

Kyung sooတစ်ယောက် မာမီတို့ကိုနှုတ်ဆက်ပြီးအခန်းထဲကိုဝင်ကာ စာကြည့်စားပွဲမှာထိုင်လိုက်ရင်းအံဆွဲလေးကိုဖွင့်ကာ ဓာတ်ပုံတစ်ပုံက်ိုထုတ်ကြည့်လိုက်သည်။

"ဟူး....ခင်ဗျားနားကိုရောက်အောင်လာခဲ့မှာမို့ ဒီတိုင်းလေးပဲရပ်စောင့်နေပေးပါ Chuu..."

ဓာတ်ပုံလေးကိုနမ်းလိုက်ပြီး အမြတ်တနိုးပြန်သိမ်းထားလိုက်သည်။ ပြီးတော့ ဒိုင်ယာရီစာအုပ်လေးကိုထုတ်ကာ ပထမဆုံးတစ်ရွက်တွင်

*** သူရှိတဲ့ကျောင်းကိုပြောင်းလာခဲ့ပြီ ***
............
At 5:30 A.M
*တီ တီ တီ

နိုးစက်သံကြောင့် Baek Hyunတစ်‌ယောက်နိုးလာ‌ လေသည်။ မနက် 6နာရီ နွားနို့ဆိုင်ကိုအရောက်သွားကာ နွားနို့လိုက်ပို့ရမည်ဖြစ်သောကြောင့်အစောကြီးထကာ ပြင်ဆင်နေရခြင်းဖြစ်သည်။

မိခင်လုပ်သူကဖောက်ပြန်ကာချမ်းသာတဲ့လူတစ်ယောက်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားပြီး ဖခင်ဖြစ်သူလည်းထိုစိတ်နဲ့ပင်အိပ်ယာထဲလဲကာ မကြာခင်တွင်ဆုံးသွားခဲ့သည်။ မိဘမဲ့ဟုဆိုကာ အထင်သေးအမြင်သေးကြသူများနှင့် မထင်ရင်မထင်သလိုအနိုင်ကျင့်ကာ ပိုက်ဆံလေးတွေကိုလုကြသူများကရှိသေးသည်။မိခင်နှင့်ပထွေးဖြစ်သူက သူတို့နဲ့အတူလာနေပါရန် ပြောသော်လည်းလက်မခံဘဲ သူ့ခြေထောက်ပေါ်သူရပ်ကာ ကျောင်းတက်နေခြင်းပင်။ ကွယ်လွန်သွားတဲ့ဖခင်က အထက်တန်းကျောင်းလေးနှစ်စာအတွက် ကျောင်းစားရိတ်အားလုံးကြိုတင်သွင်းပေးခဲ့လို့သာ ဆိုးလ်အထက်အတန်းကျောင်းတွင်တက်နေနိုင်ခြင်းပင်။

ROSE (Complete)Where stories live. Discover now