🌹 8 🌹

297 42 0
                                    

About 3 years later....,

"ငါတို့လည်းအထက်တန်းပြီးထဲကကိုမတွေ့ဖြစ်တာ အခုမှပဲပြန်ဆုံတော့တယ်"

"ဟုတ်ပ Jong Daeရာ ၊ ငါတို့တွေ တက္ကသိုလ်ဝင်ခွင့်တွေလျှောက်ရတော့မယ်နော် မင်းဘာလျှောက်မှာလဲ"

"ကျနော်က ဆေးတက္ကသိုလ်ပဲပေါ့ Suho Hyungရာ ဒယ်ဒီ့နေရာကိုဆက်ခံရဦးမယ်လေ"

"အေးပေါ့ အေးပေါ့ Hyungကတော့ စီးပွားစီမံဘာသာရပ်ကိုပဲယူဖြစ်မယ်ထင်တယ် ၊ မင်းလိုပဲ ဖေဖေ့ရဲ့လုပ်ငန်းကိုဦးစီးနိုင်အောင်လေ"

"ဟိုညီအကိုကရော"

"ကျနော်တို့က ဆိုးလ်တက္ကသိုလ်မှာ Vocal majorယူမှာ"

"ဒါဆို အနုပညာလုပ်တော့မှာပေါ့"

"ဟုတ်တယ်လေ ကျနော့်ရည်မှန်းချက်က အဆိုတော်နဲ့သရုပ်ဆောင်ဖြစ်ဖို့ပဲကို"

"ဟုတ်တယ် ကျနော်ကတော့ အဆိုတော်တစ်ယောက်ဖြစ်အောင်ကြိုးစားမှာ"

သူတို့လေးယောက်အနာဂတ်အကြောင်းတိုင်ပင်ပြီးညနေစောင်းမှလူစုခွဲခဲ့ကြသည်။

...............

First day of Uni..
"Kyung Soo yaa မပြီးသေးဘူးလား ၊ သွားမယ်လေကွာ"

"ပြီးပါပြီကွ Baekကလည်း အိမ်နဲ့ကျောင်းကဘယ်လောက်မှမဝေးတာကို ဘာတွေလောနေလဲ"

Doအိမ်‌တော်နဲ့Uniကအနည်းငယ်ဝေးတာမို့ကျောင်းနားမှာပဲ အိမ်တစ်လုံးဝယ်ကာကျောင်းတက်ကြခြင်းဖြစ်သည်။ အဆောင်နေလည်းရပါတယ်ဆိုတာကို ဒယ်ဒီကလက်မခံပဲ အိမ်တစ်လုံးချက်ချင်းဝယ်ပေးခဲ့သည်။
(ဒယ်ဒီကချမ်းသာတယ်ဆိုပြီး 🙄)

"လောတာမဟုတ်ဘူးလေကွာ ဒီနေ့ကပထမဆုံးရက်လေ စာသင်ခန်းရှာရမှာနဲ့ဘာနဲ့ နောက်ကျလို့မဖြစ်ဘူးလေကွာ"

"အေးပါကွာ လာပီ လာပီ အကိုလေးတစ်ယောက်ရှိပါတယ် နားကိုညီးနေရောပဲ"

Kyung Sooပြောတော့ Baekဆီက ပါပီမျက်စောင်း အဲ့လေ နဂါးမျက်စောင်းတစ်ခုကဒိုင်းခနဲကျရောက်လာသည်။

"လာခဲ့ ရော့ဒီမှာစက်ဘီးသော့ သွားမယ်"

သူတို့ရဲ့မိသားစုနောက်ခံကို လူသိမခံချင်တာကတစ်ကြောင်း အထက်တန်းတုန်းကအကျင့်ကမပျောက်တာကတစ်ကြောင်းကြောင့် စက်ဘီးနဲ့သာ Uniသွားကြမည်ဖြစ်သည်။ အိမ်‌ထဲကနေထွက်တယ်ဆို သက်တော်စောင့်များက

ROSE (Complete)Where stories live. Discover now