🌹 21 🌹

265 44 7
                                    

"Hello Kyung Soo ဘယ်တော့ပြန်လာမှာလဲ"

"မနက်ဖြန်ပြန်လာမလို့ကွ"

"ဟင် ဟုတ်လား ကောင်းတာပေါ့ကွာ ငါမင်းကိုလွမ်းနေတာ"

"အဟားး ဟုတ်ရဲ့လားကွာ ယောက်ဖတော်နဲ့ကြည်နူးနေရလို့ငါ့ကိုတောင်သတိရရဲ့လား"

"ချီးကိုယောက်ဖတော်ပါလားကွ မင်းပြန်လာမှငါနဲ့တွေ့မယ်နေဦး "

"ဟားးဟားး ဒါပဲ"

"ခဏနေဦး Kyung Soo "

"အင်း ဘာလဲပြောလေ "

"မင်း မင်း Chanyeol Hyungကိုတစ်ကယ်ပဲမချစ်တော့ဘူးလား"

"ငါချစ်တာပေါ့ Baekရာ ငါအရမ်းချစ်တာပေါ့ ဒါပေမဲ့အရင်ဘဝကလိုအမှားမျိုးငါထပ်လုပ်မှာမဟုတ်တော့ဘူး ငါ့က်ိုယ်ငါရော ငါချစ်ရတဲ့Daddy နဲ့ Mommy ရော မင်းရော အကိုယူရော ပြီးတော့ငါ့သူငယ်ချင်းတွေကိုနာကျင်စေတာမျိုး ငါမဖြစ်ချင်တော့ဘူးဘူးကွာ"

"ဟူးး အင်းပါညီလေးရာ ဆိုင်သူရှိရင်မပတ်သတ်တာကောင်းပါတယ် ဘာပဲဖြစ်ဖြစ် အကိုကြီးတို့အကုန်လုံးညီ‌လေးနားမှာရှိနေတယ်နော် ဟုတ်ပြီလား"

"အင်း ကျေးဇူးအကိုကြီး ဒါပဲနော် ဖုန်းချပြီ"

"အေးအေး"

Baek လည်းဖုန်းလေးကိုကြည့်ရင်း သက်ပြင်းဖွဖွချမိသည်။ ဒီတစ်ခေါက်တော့ ဘယ်သူ့ဘယ်သူကိုမှမနာကျင်စေချင်တော့တာ သူ့စိတ်ရင်းအမှန်ပင်ဖြစ်သည်။

"Baekလေး ငိုင်လိုက်တာ ဘာတွေတွေးနေတာလဲ"

"အာ Jong In Hyung ကျနော် Kyung Soo အကြောင်းတွေးမိလို့ပါ"

"ဟူးး Kyung လေးကအရမ်းအသဲမာတာပဲနော် ရုတ်တရတ်ကြီးဘာလို့အဲ့လောက်ပြောင်းလဲသွားရတာလဲမသိဘူး"

"အသဲမာတာတော့မဟုတ်ဘူးပေါ့ သူမေ့လဲသွားတုန်းက Chanyeol Hyungကြောင့်ဆိုတာပဲသိတာ သူ့က်ိုစိတ်ပူနေတာနဲ့ အသေးစိတ်မသိလိုက်ရဘူး ၊ ဒါပေမဲ့လေ Kyung Sooကပြောတယ် Chanyeol Hyung မှာဆိုင်သူရှိတယ်တဲ့"

"ဟင် ဟုတ်လား အာ့လိုပြောလား"

"ဟုတ်တယ်"

"သွားပြီ ဒါဆို"

"ဘာက သွားတာလဲဟင်"

"Baekလေး Kyung Sooပြန်လာတဲ့အခါ သူဘာကြောင့်မေ့လဲသွားရတယ်ဆိုတာရယ် သူဘာမြင်ခဲ့ကြားခဲ့သိခဲ့တာလဲဆိုတာရယ်ကိုသေ"ချာ"မေးကြည့်ပေးနော်"

ROSE (Complete)Where stories live. Discover now