Part (1)

2.2K 56 1
                                    

ကျွန်မ နာမည်က မီးရနံ့ပါ ။ မီးရနံ့ ဆိုသည့်အတိုင်း
နာမည်နဲ့လိုက်အောင် ကျွန်မ ဘ၀က မီးလိုပူရပါတယ် ။ ကျွန်မရင်ထဲက အခုခံစားနေရတဲ့ ခံစားချက်တွေကို ဘဟ်သူကမှ ကိုယ်ချင်းစာပေးနိုင်မယ်လို့ ကျွန်မ မထင်ဘူး ဘ၀ဟာ အဲ့ဒီလောက်ထိ ဘာကြောင့်ဆိုးဝါးနေရတာလဲ ကူရာကယ်ရာ မဲ့နေရသလဲ.....

ငယ်ငယ်ကတည်းက မိမစုံ ဖမစုံနဲ့ ဘ၀ကို အားငယ်မှု အထီးကျန်မှုတွေဘဲ ဖြတ်သန်းခဲ့ရတယ် ။ငွေကြေးမချမ်းသာသလို တခြားမိန်းကလေးတွေလို ကျွန်မမှာ လှပတဲ့  အဆင်းလည်း မရှိပါဘူး ။

အဲ့လို မပြည့်စုံတဲ့ အားငယ်မှု သိမ်ငယ်မှု တွေနဲ့ ကျွန်မဘ၀ကို  စာနာဖေးမပေးခဲ့တဲ့ သူကတော့
ကိုဂုဏ်ရောင်ဆိုတဲ့ သူပါဘဲ ။ အနေနီးလာတဲ့ ကျွန်မတို့ နှစ်ယောက် တစ်ယောက် နဲ့  တစ်ယောက်နဲ့ ချစ်ကြိုးသွယ်မိကြတော့ မထင်မှတ်ဘဲ ကျွန်မမှာ ရင်သွေးငယ်လေး ရှိလာခဲ့တယ်...

မမျှော်လင့်ပါဘဲ ကိုဂုဏ်ရောင်ဟာ အိမ်ထောင်ရှိ အမျိုးသား တစ်ယောက် သားကြီး မယားကြီး ရှိနေတဲ့ အမျိုးသား တစ်ယောက်မှန်း သိလိုက်တဲ့အခါ
ကျွန်မရဲ့ အရှက် သိက္ခာတရားတွေ ရေစုန်မျောလို့
လူပုံလည်မှာ လင်ခိုးမဟု စွပ်စွဲခံခဲ့ရတယ် ။ အဲ့အတွက် ကျွန်မအနေနဲ့ ဘယ်လိုမှ ဆက်ပြီး အသက်ရှင် မရပ်တည်နိုင်တော့တဲ့အတွက်  ကျွန်မဟာ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်တော့တယ်....

ကျွန်မ မျက်ရည်တွေ ကျနေပေမယ့် ကျွန်မ သတ္တိရှိရှိ ဆုံးဖြတ်ခဲ့တယ် ကျွန်မ နောက်မဆုတ်တော့ဘူ...

💗💗💗💗💗

" အသက် ဒီနေရာလေး သဘောကျရဲ့လား...."

" ဒါပေါ့ အကိုရယ်...အသက်ဖြင့် ဒီနေရာလေးကို အရမ်းကြိုက်တာဘဲ သာယာလိုက်တာ...."

သက်ထားမြင့်မိုရ် ရဲ့ စိတ်ထဲမှာ သဘာ၀ရှုခင်းလေးတွေ ကန်ရေပြင်လေးတွေ အရောင်အသွေးစုံ ပန်းမျိုးလေးများကို ကြည့်ရင်း ရင်ထဲမှာ ငြိမ်းအေးမှုကို
ခံစားလာရတယ်...

ဒီတလော သက်ထား မှာ Stress တွေ  သိပ်များလွန်းနေတာကြောင့် ဦးမင်းဂုဏ်ရှိန် မှာ အလုပ်တွေကို အတွင်းရေးမှူးနဲ့ လွှဲကာ ပြင်ဦးလွင်မြို့ရဲ့ မိမိတို့အပိုင် အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်ရခြင်းဖြစ်သည်....

My Boyfriend's An Anti_FanWhere stories live. Discover now