Part ( 9 )

197 20 2
                                    

"ဆည်းဆာ Mr. Alex က သူ့ရဲ့
Fashion Show မှာ ပါ၀င်လာဖို့ တောင်းဆို
နေတယ် အဲ့တာ အကို လက်ခံလိုက်ရမလား"

"အင်း...လက်ခံလိုက်လေ ဘယ်နေ့လဲ "

" ဒီနေ့ ညနေဘဲ ဆည်းဆာ ပြင်ဦးလွင်
Royal House မှာ ကျင်းပမှာ..."

"အော်...အင်းအင်း ! "

" ဆည်းဆာ အဲ့ဖုန်းကို တစ်ချက်လောက် ချပြီး
အကို ပြောတာ အာရုံစိုက်ပေးအူး..."

ဆိုဖာပေါ်မှာ မှောက်ရက်အိပ်ကာ ဖုန်းတစ်လုံး
နဲ့ အလုပ်ရှုပ်နေတဲ့ ဆည်းဆာက ကိုမိုး ပြောကာ
မှ ကုန်းရုန်းနဲ့ ထလာပြီး ခေါင်းကုပ်နေတယ်...

ဒီ ၁၆ နှစ်သားလေးကို ထိန်းရတာ လွယ်မနေ
ဘူး တစ်ခါတစ်ခါဆို ဆည်းဆာကို လိုက်ထိန်း
နေမယ့်အစား ကိုယ့်ရွာကို ပြန်ပြီး ကောက်စိုက်တာမှ သက်သာအူးမယ်လို့ တွေးမိတယ်....

" ကဲ ! ပြောချင်တာ ပြောလို့ရပြီ ပြောတော့ "

" အွန်း! Alex က ဆည်းဆာ ကို Main Model
အနေနဲ့ဘဲ ပွဲထုတ်ချင်တာ အကို ဆိုလိုချင်တာ
ဆည်းဆာကို Alex က ပွဲ နောက်ဆုံးမှ ထုတ်
လိမ့်မယ် အဲ့မတိုင်ခင် ဆည်းဆာ အနေနဲ့က
ရောက်နေကြောင်းကို Fan တွေကို အသိပေး
လို့ မဖစ်ဘူး Alex က Show ပွဲ ကြည့်သူတွေ
ကို Suprise ဖစ်စေချင်တာ.... "

"အင်း ! အဲ့တော့ ကျွန်တော် ထင်နေသလို
တော့ အကို လာမပြောနဲ့နော်... "

ဆည်းဆာက နှားထင်ပေါ်ရှိ မထင်မရှား မှဲ့
နေရာလေးကို လက်နှစ်ချောင်းဖြင့် အသာ
ကုပ်ရင်း ကိုမိုး ကို ဘုကြည့်ကြည့်နေတယ်

"ဆည်းဆာ ထင်နေသလို ဆည်းဆာ
ROYAL HOUSE ကို ပွဲမစခင် အရင်သွား
နေရမှ အဆင်ပြေမယ်... "

"ဟား ! ပျင်းစရာ ကောင်းလွန်းတယ်
စကားမကျွံသေးဘူးမလား မသွားချင်
တော့ဘူ... "

ဆိုဖာပေါ်ကနေ ထရပ်လိုက်တဲ့ ဆည်းဆာ
ကြောင့် ကိုမိုးပါ အလိုလို ထရပ်မိလိုက်တယ်
ဒီကောင်လေးက အဲ့လိုဘဲ စိတ်မြန် လက်မြန်
မို့ ကိုမိုး မနည်းဖြောင့်ဖြရမယ်မှန်း သိနှင့်ပြီး
သား...

"ဆည်းဆာ...စဥ်းစားပါအူး Alex ဆိုတာ
ဆည်းဆာ Model စ လုပ်ကတည်းက
လက်တွဲလာတဲ့ သူလေ ပြီးတော့ Alex ရဲ့
ဒီ Fashion Show ရန်ဘုံငွေ ရှာတဲ့ ပွဲလို့
အကို ကြားထားတယ်..."

My Boyfriend's An Anti_FanWhere stories live. Discover now