Part (3)

373 28 0
                                    

ကကြိုးက နေကြာပန်းခင်းတွေရဲ့ကြားမှာဖုန်တစ်လုံးဖြင့် အမျိုးမျိုး အစုံစုံ Post တွေပေးကာ
selfie ပုံတွေ တစ်ပုံပြီး တစ်ပုံ ရိုက်နေတာဖစ်တယ်

" ကကြိုးရေ...ကကြိုး...ဟေ့ ကကြိုး"

အဝေးကနေ လှမ်းခေါ်သံကြောင့် ကကြိုး နေကြာပန်းခင်းတွေ ကြားထဲကနေ တစ်ချက် လှမ်းမျှော်ကြည့်လိုက်တော့ လှိမ့်လှိမ့်နှင့် လာနေသော မကြီးကို တွေ့ရတာကြောင့် ကကြိုးဖုန်းကို ပိတ်ကာ ဘောင်ဘီ အိတ်ကပ်ထဲ ထိုးထည့်လိုက်ပြီး မကြီးနားကို အပြေးလေး သွားလိုက်တယ်....

" မကြီး...ကကြိုးက ဒီမှာ "

" အမလေး ရှာလိုက်ရတာ ကကြိုးရယ် ဒီမှာ ဘာလုပ်နေတာလဲ "

" ပျင်းလို့ ဓာတ်ပုံ လာရိုက်နေတာ ကကြိုးကို ဘာလို့ ရှာတာလဲ မကြီး "

" အမလေး ရှင်လေးကို ရှာတယ်ဆိုမှတော့ အရေးကြီးကိစ္စပေါ့ ရှင်လေး ရှာထားတဲ့ ပြသနာကြောင့် အခု အမေ ခြံရှေ့မှာ ရှင်းနေရပြီ..."

မကြီးစကားကြောင့် ကကြိုး ဟမ် ဟူသော အာမေဍိတ်နဲ့အတူ အံ့သြကာ မျက်လုံးအပြူးသား
ဖြစ်သွားရတယ် ဘာများပါလိမ့် ကကြိုးလည်း ဘာမှ မလုပ်ထားပါဘူး...

"ဘာ...ဘာဖစ်လို့လဲ "

"အမလေး....ဘာဖစ်ရမှာလဲ ပြောတော့သာ မကြိုက်ဘူး မကြိုက်ဘူး အဲ့မင်းသား ရင်ခွင်ထဲ ၀င်နေလိုက်တာများ မပြောချင်ဘူး အခုတော့ နင်နဲ့ အဲ့မင်းသား ပုံတွေက လိုင်းပေါ်မှာ ပလူပျံနေပြီ သတင်းစာ ထိပ်စီးပိုင်းမှာလည်း ပါလာတယ် ခြံရှေ့မှာသတင်းထောက်တွေကလည်း တအားဘဲ... "

Oh My God !!! အားတဲ့ ဘုရား လာကယ်ကြပါ

ကကြိုး ခပ်မြန်မြန် ဖုန်းကို ထုတ်ပြီး လိုင်းတက်ကြည့်လိုက်တယ် ဘာမှပေါ်မလာခင် Messager ကနေ
တတောင်တောင်နဲ့ Noti တက်နေတာများ မပြီးတော့
အဆိုးဆုံးကတော့ မိခေတ် နဲ့ မိလွန်းတို့ ဆီမှ ဖစ်တယ်....

UKE တို့၏မာတာမိခင်ကြီး @ ✉️ဟဲ ကကြိုး အဲ့တာ ဘာတွေလည်း ရှင်းအူး😡( With Photo)✉️

အတွဲချောင်းရတာ ဝါသနာပါတယ် @ ✉️အေးလေ ကကြိုး နင်က ပြောတော့ မကြိုက်ဘူးဆိုပြီး ငါတို့နောက်မှာ ကြိတ်ပုန်းခုတ်နေတာလား☹️✉️

My Boyfriend's An Anti_FanWhere stories live. Discover now