Part (5)

241 16 0
                                    

" ငါ နင့်ကို ချစ်တယ်...နင်ငါ့ဆီ ပြန်လာသည် ဖစ်စေ မပြန်လာတော့ဘူ ဖစ်စေ ငါ နင့်ကိုဘဲ စောင့်မျှော်နေမယ် ဒါ ငါ့ရဲ့ သစ္စာဘဲ..."

ရဲရင့် ပြတ်သားလွန်းသည့် ချစ်ရသူကို ကြည့်ကာ
သူ သိပ်ကို ကြည်နူးမိသွားသည်...

"နင်က အဲ့လို ပြောတော့ ငါနင့်ကို နှုတ်ဆက်ဖို့
အားရှိသွားပါပြီ "

" နှုတ်ဆက်ဖို့...ဟုတ်လား နှုတ်ဆက်ကြတယ် ဆိုတာ ထာ၀ရဝေးကွားကွာ ကြရမယ့် သူတွေ အတွက်လေ ထိန်ရယ် နင်က တစ်ကယ်ဘဲ "

" နင်က ထာ၀ရလို့ ထင်နေတာလား ။ အင်...နင်ကြိုက်သလို ထင်လို့ ရတယ် "

သူမရင်ထဲ နင့်သွားရသည်ည် ။ သို့ပေသည့် သူမပျော်ပါတယ် ။ ချစ်ရသူရဲ့ ဘ၀ ကောင်းစားဖို့ဘဲ မလား..

၀မ်းနည်းငိုင်ကျသွားသည့် သူမကို ထိန်က ခပ်ဆွေဆွေလေး ကြည့်နေမိသည်...

"ကတ်!!!!... "

" မင်းသား နဲ့ မင်းသမီး အရမ်းကောင်းတယ်
နားလို့ရပြီနော် နောက်တစ်ခန်းက နေ့လည်လောက်မှ ဆက်ရိုက်မယ်..."

ဒါရိုက်တာရဲ့ အော်သံကြားတော့ ဆည်းဆာတို့ သရုပ်ဆောင်နေတာကို ချက်ချင်း ရပ်လိုက်ကြသည်...

" ဆည်းဆာက ကြားရတဲ့ သတင်းတွေအတိုင်း
တကယ်ကို တော်တာဘဲ ဇာတ်၀င်ခန်း တစ်ခုကို
ဘယ်တော့မှ နှစ်ခါ ပြန်မရိုက်ရဘူး..."

" ချီးကျူးတယ်လို့ဘဲ သဘောထားလိုက်ပါ့မယ် "

တစ်ဖက်က မင်းသမီး၏ အပြောကို ဆည်းဆာ ခပ်ပြတ်ပြတ် တုံ့ပြန်ပြီး ကားရှိရာကို ထွက်လာလိုက်သည်...

ဆည်းဆာကို မသိဘူးများ ထင်နေလား မရိုက်ခင်ကတော့ ဆည်းဆာကို အသက်ငယ်တယ် ဝါနုတယ်ဆိုပြီး မထီမဲ့မြင် ပြုနေတာ ရှေ့တစ်မျိုး ကွယ်ရာ တစ်မျိုးနဲ့....

" ဆည်းဆာ...နေ့လည်စာက အခု စားမလား
နောက် Sence ရိုက်ပြီးမှ စားမလား..."

"နောက် Sence ရိုက်ပြီးမှဘဲ အိမ်ပြန်စားကြရအောင်
ကိုမျိုး... "

"  ဟုတ်ပါပြီ.... "

" အော်...ကိုမျိုး ကျွန်တော် ခန အနားယူမလို့
ဒီနား ဘယ်သူမှ မလာစေနဲ့နော် "

My Boyfriend's An Anti_FanWhere stories live. Discover now