Part (11)

205 15 5
                                    


ကားနောက်ခန်းမှ အပြင်ရှုခင်းတွေကို ငေးမော
ရင်း လိုက်ပါလာသော ဆည်းဆာမှာ ပြင်ဦးလွင်
ကို လာတုန်းကလို တက်ကြွခြင်းတို့ မရှိတော့ ။

ညတွင်းချင်း ပြန်ဆင်းချင်ပြီလို့ ခပ်လေးလေး
ပြောလာတဲ့ ကောင်လေးကြောင့် ကိုမိုးမှာလည်း
ခေါင်းငြိမ့်ပြရုံမှ အပ ဘာမှ မတတ်နိုင်ဘူးလေ
ကကြိုးကို သွားခေါ်ခဲ့မိတာ သူမှားသွားတာဘဲ
အမြဲတမ်း တက်ကြွနေတဲ့ ကောင်လေးက ဒီလို
မှိုင်တွေနေတော့လည်း ကိုမိုး ရင်ထဲ မကောင်း..

" အိမ်ဘဲ ပြန်မှာမလား ဆည်းဆာ..."

" Condo ကိုဘဲ မောင်းလိုက်တော့ ဒီအချိန်ကြီး
အိမ်ပြန်ရင် ပါးပါး နဲ့ မားမား အနှောင့်ယှက်ဖစ်
သွားမယ်...."

ပြောပြီးတာနဲ့ ခုံကို ခေါင်းမှီချပြီး မျက်လုံးတွေ
မှိတ်ချပစ်လိုက်တယ် ။ အတွေးတွေကို ထိန်းချုပ်
ဖို့ ခက်တယ် ခင်ဗျားရယ်...

၁ နာရီ နီးပါးလောက် အကြာတွင် မြို့တွင်းမှ
ဆည်းဆာရဲ့ Condo ကို ရောက်တယ် ။ ဒီ
Condo ခန်းက ဆည်းဆာရဲ့ အနုပညာကြေး
တွေနဲ့ ၀ယ်ခဲ့တာ ပါးပါး နဲ့ မားမား ရဲ့ ပိုက်ဆံ
တစ်ပြားတစ်ချက်တောင် မပါဝင်ခဲ့ဘူး....

" ကိုမိုးတို့လည်း မနက်ဖန် နားလိုက်ကြပေါ့
ကျွန်တော် ဒီမှာ ညအိပ်ပြီး မနက်ဖန်မှ အိမ်
ကို ပြန်လိုက်မယ် ကားယူသွားလိုက် "

"အဲ့ဆို မနက်ဖန် အကို ပြန်လာကြိုပေး
မယ်လေ "

"မလိုဘူး ရတယ် အောက်က ပါကင်မှာ
တစ်စီးထိုးထားတယ် ယူမှာသာ ယူသွား
လိုက်  "

စကားပြောပုံက ခပ်ဆတ်ဆတ်မို့ ဒီကောင်လေး
စိတ်မရှည်နေမှန်း ကိုမိုး ရိပ်မိတယ် ။ ဆက်မေး
မြန်းနေရင် အအော်ခံထိတော့မှာကြောင့် အ
သာလေးဘဲ လစ်ထွက်ခဲ့ရသည် လူသာငယ်
တာ ဒေါသက မငယ်ဘူးဗျို့....

~ဘုန်း~

ဆည်းဆာ အိပ်ရာပေါ်ကို စိတ်ပျက်လက်ပျက်
ကန့်လန့်ဖျက်ကြီး လှဲချလိုက်တယ် ။ ပြန်တွေး
လေ စိတ်ညှစ်လေးဘဲ ကိုယ့် ကြိုက်နေတဲ့သူ
ဆီက အထင်သေးခံရတာလောက် ရှက်စရာ
ကောင်းတာ ရှိသေးရဲ့လား...

My Boyfriend's An Anti_FanWhere stories live. Discover now