အပိုင်း-(၃)

2K 234 28
                                    

Unicode

ဒီနေ့တော့ ကုမ္ပဏီပိတ်ရက်ဖြစ်တာကြောင့် မတွေ့တာကြာပြီဖြစ်တဲ့ ယောက္ခမဖြစ်သူအိမ်သို့ အလည်လာခဲ့ကြသည်။

ဟယ်အင်းအဖေမှာ သူ့ကို တွေ့ဖို့ ခဏခဏခေါ်နေပေ့မဲ့ သူ့မှာ ကုမ္ပဏီကိစ္စတွေနှင့် ရှုပ်နေခဲ့ကာ တွေ့ဖို့ကို အဆင်မပြေဖြစ်‌နေခဲ့ရသည်။ ထို့အပြင် ဒါယောင်းကလည်း ရှိသေးသည်။ ဒီကလေးမလေးက ခုနောက်ပိုင်းသူ့ကို တအားကပ်သည်။ တခုခုဆို သူမကိုဂရုမစိုက်တော့ဘူးဟု ပြောကာ စိတ်ကောက်သည်။။ တကယ့်ကို ကလေးဆိုးလေးအတိုင်းပင်။

ဒါယောင်းကိုသူချစ်ပေ့မဲ့ သူ့ဘက်က အခြေအနေကလည်းရှိသေးသည်။ ဟယ်အင်းကို အသာထားလိုက်လို့ရရင်တောင် ‌သူမအဖေကိုတော့ စိတ်ကွက်အောင် မလုပ်ရဲပေ။ ကုမ္ပဏီမှာ ယခုလိုနေရာကို ဟယ်အင်းအဖေပေးလို့သာ သူရထားတာဖြစ်သည်။ ဟယ်အင်းကိုသာ လက်မထပ်ဖြစ်ခဲ့ရင် သူဘယ်လောက်တော်တော်၊ ဘယ်လောက်ကြိုးစားစေကာမူ ယခုလို ထိပ်တန်းကုမ္ပဏီကြီးရဲ့ ဒါရိုက်တာ ဖြစ်နိုင်မည်မထင်ပါ။

တနည်းပြောရရင် ဒီလိုနောက်ခံအင်အားတွေကြောင့်လည်း သူ ဟယ်အင်းကို လက်ထပ်ဖို့ ဖြစ်လာခဲ့တာ ဖြစ်သည်။

" ဟိုတခေါက်သမီးလာတုန်းက မင်း အတော်လေး အလုပ်ရှုပ်နေတာလို့ပြောတယ် ... ခုရော ဘယ်လိုလဲ "

" စက်ရုံအသစ်အတွက် မြေနေရာ စာချုပ်ကိစ္စ နည်းနည်းအဆင်မပြေဖြစ်နေတာပါ .. အခုတော့ အားလုံးအဆင်ပြေသွားပါပြီ "

" မင်းလုပ်နိုင်စွမ်းကို ငါသိပါတယ် ဒါမဲ့ အရမ်းခေါင်းမမာနဲ့ ... တခုခုဆို ငါ့ဆီ အကူအညီတောင်းလဲ ဖြစ်တယ်နော် "

" ဟုတ်ကဲ့ပါ အဖေ "

" ဖေဖေရော နေကောင်းရဲ့လား ... ဒီရက်ပိုင်း နည်းနည်း‌အေးတယ် ဂရုစိုက်နော် "

" ကောင်းပါတယ် ငါဒီလောက်လဲ မအိုသေးပါဘူး "

" သမီးက စိတ်ပူလို့ပါ .. တူတူလာနေဖို့ခေါ်တာလဲ မရဘူး "

" ငါ့မှာ ဒီလောက်ကြီးတဲ့ အိမ်ကြီးရှိနေတာ ... သူများအိမ်လိုက်နေစရာလား "

" သူများမဟုတ်ဘူး ဖေဖေ့သမီးလေ "

ဟယ်အင်းက သူမဖေဖေနဲ့ အတူနေချင်ပေ့မဲ့ ဖအေဖြစ်သူက မနေလို။ ကြီးမားတဲ့အိမ်ကြီးမှာလည်း ခေါ်မထားသလို သူတို့အိမ်မှာလည်း လိုက်နေဖို့ ဆန္ဒမရှိ။

BetrayalWhere stories live. Discover now