အခန်း-(၄)

1.8K 236 21
                                    

Unicode

လတ်ဆတ်မွှေးပျံ့တဲ့ ကော်ဖီနံ့သင်းသင်းက နှာခေါင်းထဲ တိုးဝင်လာသည်။ ချမ်းအေးစပြုလာတဲ့ရာသီရဲ့ မနက်ခင်းတခု၊ သူ့ရှေ့စားပွဲပေါ်က ကော်ဖီပူပူတွေရယ်နှင့်
ခပ်တိုးတိုးပျံ့လွှင့်လာတဲ့ ဆိုင်ထဲက တီလုံးသံ ငြိမ့်ငြိမ့်လေးက သဘာဝကျစွာလေး လိုက်ဖက်နေသည်။

သို့သော် ထိုအရာတွေကို မခံစားနိုင်။သူနှင့် မျက်နှာချင်းကလူကြောင့် စိတ်ကသိကအောက် ဖြစ်လှသည်။

မမဒါယောင်းရဲ့ ရည်းစားဆိုသူကို သူမသိမသာခိုးကြည့်မိသည်။ ဝတ်စားထားသော ပုံစံကြည့်ရုံနှင့် အဆင့်မြင့်မြင့်ထဲကဆိုတာ ခန့်မှန်းနိုင်၏။ သူဌေးတယောက်နှင့် ချစ်သူဖြစ်နေ‌တော့ သူ့ မမ ကံကောင်းသည်ဆိုရမည်။

ဒါပေ့မဲ့ သူတွေးမရတာတခုက ထိုလူက သူ့ကို ဘာလို့ ‌ဒီကိုခေါ်လာတာလဲ။

ကော်ဖီခွက်ကို ကြည့်လိုက်.. သူ့အား မရဲတရဲ ခိုးကြည့်လိုက် ဆိုင်အပြင်ငေးလိုက်လုပ်နေသော ဒါယောင်း၏မောင်..

ထိုကောင်လေးကို ပြောစရာရှိတယ်ဟုဆိုကာ ဒါယောင်းတိုက်ခန်းကနေ ဇွတ်ဆွဲ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
အလုပ်က နောက်ကျနေပီမို့ မထူးတော့တဲ့ အတူတူ ကော်ဖီဆိုင်တခုကို ဝင်ထိုင်လိုက်သည်။ ဒီကောင်လေးကို သူမြင်ဖူးသလိုလိုဖြစ်နေပေ့မဲ့ ဘယ်မှာ မြင်ဖူးလဲ မမှတ်မိ။

" ဟို .. ခင်ဗျား ပြောစရာရှိတယ်ဆို .. "

" အင်း "

" ဘာပြောမလို့လဲ "

" မင်းနဲ့ မင်း‌အဖေ ဒါယောင်းဆီကို လာမနှောင့်ယှက်ဖို့ ကိုယ်တောင်းဆိုချင်တယ် "

" ဘယ်လို ..! "

" အပြင်လူတယောက်အနေနဲ့ စည်းကျော်တယ်လို့ မင်းထင်ရင် ထင်လိမ့်မယ် ...ဒါမဲ့ ကိုယ်က လက်ရှိမှာ ဒါယောင်းနဲ့ တွဲနေတာဆိုတော့ .... "

" ခင်ဗျား ဘာကိုဆိုလိုတာလဲ ကျွန်တော်တို့က ဘာတွေများ နှောင့်ယှက်နေလို့လဲ "

" မင်း ဟန်ဆောင်နေစရာမလိုပါဘူး .. ကိုယ့်ကို ဒါယောင်းက အကုန်ပြောပြီးသား "

BetrayalWhere stories live. Discover now