အခန်း-(၉)

2.8K 232 51
                                    

Unicode

ဆွန်းချောက သူမကိုလုပ်ရမည့်အလုပ်တွေ အကျဉ်းချုံးရှင်းပြပြီး နောက်နေ့တွင်ပဲ အလုပ်စဆင်းစေသည်။ သူမ၏အရည်အချင်းဆိုတာထက် ဂျူဟွန်းမျက်နှာကြောင့် အလုပ်ရသည်မှာ ယုံမှား၊သံသယဖြစ်စရာပင်မလိုပါ။

အလုပ်ချိန်အနည်းငယ်များသော်လည်း အရမ်းတော့မပင်ပန်းပေ။ လစာကလည်း သူမတယောက်စာအတွက် လုံလောက်သည့် ပမာဏဖြစ်သည်။ သူမနှင့် ဂျူဟွန်းကြား ဆက်ဆံရေးမှာလည်း ပို၍အဆင်ပြေလာခဲ့သည်။

အားလုံးအဆင်ပြေနေသည့်တိုင် သူမအတွက် စိတ်အနှောင့်အယှက်ဖြစ်ရသည့် တခုကရှိနေသေးသည်။

အဲ့ဒါကတော့ သူမအလုပ်လုပ်တဲ့ ကော်ဖီဆိုင်သို့ ဂျုံးဂုမှာ သူရဲ့လုပ်ငန်းပါတနာများနှင့်အတူ မကြာခဏလာတတ်ခြင်းပင်ဖြစ်သည်။သူမအလုပ်လုပ်နေသော လအနည်းငယ်အတွင်းမှာပင် သုံး လေးခါခန့်မျှလာရောက်ဖူးသည်။
မည်ကဲ့သို့ပတ်သက်မှုမျိုးမရှိတော့သည်တိုင် ယခုလိုတွေ့သည့်အခါများတွင် နေရခက်စမြဲ။

ရင်းနှီးသည်ထက်ပိုဖူး‌သော ထိုလူအား သူစိမ်းတယောက်လို ဆက်ဆံရသည်မှာ သူမအတွက်တော့ ခက်ခဲဆဲပင်။ သူ့ဘက်ကလည်း သူမနဲ့ တိုက်ရိုက်တွေ့သည့်အခါမျိုးတွင် အနည်းငယ်တော့ ကသိကအောင့်ဖြစ်ပုံရသည်။

တခါတလေတော့လည်း အရဲစွန့်ပြီး မေးကြည့်ချင်ပါသည်။

သူမကို မလွမ်းဘူးလားဟူ၍။
သူမဟာ သူ့အတွက် တကယ်ပဲဘာမှမဟုတ်ခဲ့ဘူးလားလို့လေ။

သို့သော်လည်း အနည်းငယ်နေရခက်သည့်ပုံစံမျိုးကလွဲရင် သူ့မျက်ဝန်းတွေက တည်ငြိမ်နေသည်။
ငယ်ရွယ်ကာမရင့်ကျက်သေးချိန်တုန်းက ရန်ဖြစ်ခဲ့ဖူးသော ကျောင်းနေဖက်အား အရွယ်ရောက်လာချိန်တွင် ပြန်ဆုံတွေ့ရသလိုမျိုး ခေါ်ရခက်၊မခေါ်ရခက်ဖြစ်နေသည့်ပုံစံမျိုးနှင့်ဆင်သည်။

သူမအနေနှင့်လည်း ဇာတ်လမ်းကိုပြန်လည်မစချင်သည့်တိုင် သံယောဇဉ်လက်ကျန်က အမျှင်တန်းနေတုန်းပဲဖြစ်သည်။

အချစ်ဦးတွေ၊အချစ်ဆုံးတွေ မဟုတ်ခဲ့သော်လည်း သူမအတွက်တော့ လုံခြုံနွေးထွေးမှုကိုပေးနိုင်သော တဦးတည်းသောသူဖြစ်ခဲ့သည်။

BetrayalWhere stories live. Discover now