အခန်း ( ၁ ) / အခန္း ( ၁ )

13.1K 442 19
                                    

Unicode

စားသောက်ဆိုင်လေးတစ်ဆိုင်ရဲ့ ထောင့်တစ်နေရာတွင် တက္ကသိုလ်ကျောင်းသားတစ်စုမှာ သောက်စားနေကြရင်း ဆူညံလျက်ရှိသည်။ အခြားဝိုင်းမှ လူအချို့ပင် ဆူညံနေလွန်းလို့ သူတို့ကို မျက်မှောင်ကုတ်လျက်လှည့်ကြည့်ကြသလို တချို့ကတော့ ထထွက်သွားကြတော့သည်။

ထိုဝိုင်းရဲ့ဘေဆုံးက တစ်ယောက်ကတော့ စကားဝိုင်းက သူနဲ့မဆိုင်သလို အေးဆေးသာ မော့သောက်နေသည်။ သူ့နှုတ်ခမ်း၌ ပေကျန်နေသော ဘီယာကို လက်ခမိုးနဲ့ ကြမ်းကြမ်းတမ်းတမ်းသာ သုတ်ပစ်လိုက်လေသည်။

သူ့မျက်လုံးတွေက မှေးကျဉ်းထားပြီး အသက်မရှိလိုမျိုး ဘယ်မှာမှကြည့်မနေဘဲ ရှေ့က စားပွဲဝိုင်းသို့သာ အကြည့်ပို့ထားသည်။ ဖွေးဖွေးဖပ်ဖပ်နဲ့ နှုတ်ခမ်းပါးက ဖြောင့်တန်းလျက်ရှိပြီး ဘုတ်သိုက်သိုက်ဆံပင်ကလည်း မျက်ဝန်းတွေကို ကာလုနီးပါးရှိနေသည်။ အဝေးကနေသာကြည့်ရင် အဆီမရှိအရမ်းပိန်ပါးလှပြီး အသားအရေကလည်း စိုထိုင်းမှုမရှိ ဖြူဖပ်ဖြူလျော်နဲ့ သူ့ကို ရောဂါရှိနေတဲ့လူဆိုပြီး သနားစိတ်ဝင်နိုင်သည်။ အေးစက်စက်နဲ့ တစ်လောကလုံးကို အလေးမထားသော မျက်နှာထားနဲ့တွဲမြင်တဲ့အခါမှာတော့ ထိတ်လန့်သွားကြနိုင်သည်။

ဒီအတိုင်း သူသောက်နေရသည်မှာ ပျင်းစရာကောင်းလာပြီး သူ့ဘေးကဟာတွေမှာလည်း တကယ်စိတ်ပျက်စရာကောင်းအောင် ဆူညံလွန်းတာကြောင့် ဆိုင်ပြင်ကို သူထွက်သွားတော့သည်။

အချိန်တော်ကြာမှ သူ့ဘေးနားကပ်ထိုင်တဲ့တစ်ယောက်က သူမရှိမှန်းသိသွားသည်။

"ဟာ.. ဟိုကောင် မရှိတော့ဘူးကွ"

"ဟက်.. သူပျင်းလို့ ဘဲကြီးတစ်ကောင်လောက် သွားရှာတာနေမှာပေါ့ .. သူ့အမေလိုမျိုးလေ"

တစ်ဝိုင်းလုံးက ညီညွတ်စွာ ဟားတိုက်ရယ်ကြသည်။ တစ်ယောက်က သူ့စကားကို နားမလည်ဟန် မေးလိုက်သည်။

"နေပါဦး သူကဆော်ကြီးရှာရမှာ မဟုတ်ဘူးလား .. ဘာလို့ဘဲရှာမှာလဲဟ"

"မင်းတကယ်မသိဘူးလား .. အဲ့ကောင်က gay ခြောက်နေတာကွ .. သူ့ပုံစံကြည့်တာနဲ့ သတိမထားဘူးလားကွာ မင်းတော့.."

ဦး~ [Completed]Where stories live. Discover now