အခန်း ( ၉ ) / အခန္း ( ၉ ) [ final ]

5.5K 255 22
                                    

Unicode

စစ်ပိုင်ဇေ ဆေးရုံမှာ သူ့အစ်မနဲ့စကားများပြီးနောက် အလုပ်ကိုရောက်လာတာနဲ့ သူ့အတွင်းရေးမှုးကို အရိပ်အကြောင်းအသေးစိတ်ကို ရှာခိုင်းခဲ့သည်။ ပြီးရင် အရိပ်သူ့တူကို အခုလိုရိုက်ခဲ့တဲ့အကြောင်းအရင်းကို သူ့တူရဲ့သူငယ်ချင်းတွေဆီက ငွေပေးပြီးဖြစ်ဖြစ်ရအောင် စုံစမ်းခဲ့ဖို့ ပြောလိုက်သည်။

သူ့အစ်မက အရိပ်ကို သူမရှိချိန်တွင် တစ်ခုခုလုပ်နိုင်တာကြောင့် အရိပ်ကိုစောင့်ကြည့်ဖို့ လူတစ်ယောက်ကိုပါ ငှါးပြီး ချက်ချင်းပို့ပေးလိုက်သည်။

တစ်ပတ်စာ ပစ်ထားခဲ့တဲ့အလုပ်တွေအတွက် စစ်ပိုင်ဇေခေါင်းမထောင်နိုင်အောင် အလုပ်လုပ်နေချိန်တွင် သူ့ဆီကို မက်ဆေ့သံက တဒေါင်ဒေါင်ကျလာခဲ့သည်။ အရိပ်နဲ့ပတ်သတ်သော တစ်ခုခုဖြစ်နိုင်တာကြောင့် အလုပ်ကိုရပ်ပြီး ဖုန်းကိုခဏကြည့်လိုက်သည်။

သူထင်ထားတာက မှန်ပေမယ့် သူထင်မထားသော ပုံတွေကိုတွေ့လိုက်ရသည်။ သူ့အစ်မက သူ့ဆီကို ပို့ပေးထားတာဖြစ်ပြီး ပုံထဲမှာတော့ ဟော်တယ်တစ်ခုကိုဝင်သွားသော အရိပ်ရဲ့ပုံတွေဖြစ်သည်။

'နင့်လူ နင်မရှိတဲ့အချိန်မှာ ဘယ်ကိုသွားနေတာလဲဆိုတာ ကြည့်လိုက်ဦး'ဆိုပြီး စာမက်ဆေ့ကို တွေ့လိုက်သည်။ သူ့စိတ်ထဲ မဖြစ်နိုင်ဘူးဆိုသော စကားကိုရေရွတ်ရင်း အရိပ်ဆီကို ချက်ချင်းဖုန်းခေါ်သည်။ ဒါမဲ့ 'လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ ဆက်ပိတ်ထားပါတယ်'ဆိုသော အသံကိုအကြိမ်ကြိမ်ကြားနေရသည်။

အရိပ်ဆီသို့ လွတ်လိုက်သောလူဆီကို ဖုန်းခေါ်ကြည့်တော့လည်း အရိပ်က အိမ်မှာတကယ်မရှိကြောင်းသိလိုက်ရသည်။ ဒါကြောင့် သူချက်ချင်းထပြီး ကားသော့ကိုဆွဲကာ အရိပ်သွားတဲ့ဟော်တယ်ကို သွားဖို့ဆုံးဖြတ်လိုက်သည်။ ဒါမဲ့ သူကားပေါ်ကိုရောက်လာချိန်တွင် နောက်ထပ်မက်ဆေ့သံတွေကို ကြားလိုက်ရပြန်သည်။

ဖုန်းကို ဖွင့်ကြည့်မိချိန်တွင် သူ့လက်တွေက တုန်လှုပ်သွားပြီး မြင်နေရတဲ့အရာကို ယုံတောင်မယုံကြည်နိုင်ပါ။

အိကျႌတစ်ထည်မှမကပ်သော ခန္ဓာကိုယ်နှစ်ခုက ကုတင်ပေါ်မှာ လုံးထွေးနေသော ပုံတွေဖြစ်နေသည်။ ယောက်ျားတစ်ယောက်အောက်မှာ ခံနေသော အရိပ်ရဲ့မျက်နှာက ရှင်းရှင်းလင်းလင်းကို မြင်နေရသည်။

ဦး~ [Completed]Where stories live. Discover now