အခန်း ( ၆ ) / အခန္း ( ၆ )

2.7K 200 1
                                    

Unicode

စစ်ပိုင်ဇေတစ်ပတ်ခန့်ကြာအောင် အရိပ်နဲ့ပဲ အတူရှိနေခဲ့သည်။ အလုပ်ကိုလည်း မသွားသလို ဆေးရုံကိုလည်း တခဏမျှ မသွားဖြစ်ဘဲ အရိပ်နဲ့သာ ၂၄နာရီရှိနေသည်။

အလုပ်ကိုတော့ လက်ကဒဏ်ရာရနေတဲ့အရိပ်ကို ဂရုစိုက်ပေးချင်လို့ ခွင့်ယူထားပြီး ဆေးရုံကတော့ အရိပ်ရဲ့ချွဲတာတွေ ဂျီတိုက်တာတွေအမျိုးမျိုးကြောင့် မသွားဖြစ်ခဲ့ပါ။ ပိုင်ဇေလည်း သူ့ကလေးက သနားစရာမျက်ဝန်းလေးတွေနဲ့ လုပ်ကြည့်လာခဲ့ရင်ကို လွန်ဆန်ဖို့ခဲရင်းသွားသည်။

အရိပ်ရဲ့အဲဒီလိုအမူအရာတွေက သူ့အတွက်တော့ အရမ်းချစ်စရာကောင်းလွန်းတာကြောင့် အရိပ်မှာ ကုတင်ပေါ်ကိုပဲ ခဏဏပွေ့ချီသွားခံရသည်။ တစ်ခါတလေ ပိုင်ဇေက အခန်းထဲသွားဖို့ပင် စိတ်မရှည်တာကြောင့် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာပဲ သူ့ကလေးနဲ့အတူနေသည်။ အရိပ်ကလည်း သူကြမ်းတမ်စွာ လုပ်ခဲ့မိရင်တောင် ငြင်းဆန်တဲ့စကားတစ်ခွန်းမှ မဆိုပါ..။ တစ်ရက်တော့ အရိပ်မှာ အဖျားကိုဝင်သွားမှ ပိုင်ဇေလည်း သူလွန်သွားမှန်းသိသည်။

ဒီလိုနဲ့ တစ်ပတ်တောင် ကြာလာပြီမို့ သူအလုပ်ကိုလည်း ပြန်သွားရမှာဖြစ်သလို သူ့အစ်မကလည်း သူ့ကိုအတော်ကိုစိတ်စိုးနေပြီ ဖြစ်သည်။ ဒါကြောင့် သူဒီနေ့တော့ သေချာပေါက်သွားမှဖြစ်မည်။

"အလုပ်သွားဖို့ မစောလွန်းဘူးလား ဦး .. ဦးတစ်နေရာဝင်မလို့လား"

"အင်း ကိုယ်ဝင်စရာလေးရှိလု့ိ .. ကလေးစားချင်တာရှိလား ကိုယ်အပြန်ကျဝယ်ခဲ့မယ်လေ"

ပိုင်ဇေအလုပ်သွားဖို့ ပြင်ဆင်နေရာ ကြယ်သီးတွေတပ်နေရင်း ပြန်ပြောသည်။ အရိပ်က ခေါင်းယမ်းပြပြီး သူ့ဆီကို လျောက်လာကာ အိင်္ကီျကြယ်သီးတွေကို ကူတပ်ပေးသည်။ ပိုင်ဇေ,သူ့ရှေ့က ကလေးကိုပြုံးပြီး ငုံကြည့်နေရင်း သူ့နှုတ်ခမ်းနဲ့နီးနေသော အရိပ်နဖူးကို ဖွဖွလေး လှမ်းနမ်းလိုက်သည်။

အရိပ်ကတော့ သူ့ရင်ခွင်ထဲ မျက်နှာကိုထိုးထည့်ပြီး သူ့ခါးကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလေသည်။ လွတ်ပေးလိုက်ရင် သူကပြန်မလာတော့မယ့် လူလိုမျိုး ဖက်ထားသည်။ သူလည်း ပြန်ဖက်လိုက်ပြီး အရိပ်ဆံပင်တွေကို ပွတ်သတ်ပေးလိုက်သည်။

ဦး~ [Completed]Where stories live. Discover now