Unicode
အရိပ်အပြင်မှာပဲ အချိန်ကုန်လာတာ ၃ရက်ပင် ရှိသွားပြီဖြစ်သည်။ ဒီ၃ရက်အတွင်း ဖြစ်သလိုနေ ဖြစ်သလိုစားနေခဲ့တာကြောင့် သူ့ပုံစံက အရင်ကထက် ပိုပြီးညစ်ပတ်လာသည်။ ရေလည်း ချိုးမထားတာမို့ ခန္ဓာကိုယ်က အနံ့အသက်ပင် မကောင်းတော့ပါ။ သေချာတာက သူက သူတောင်းစားနှင့်ပင် ခွဲရမှာမဟုတ်ပါ။
အရင်က သူသာဆို ဒီအခြေအနေကို နည်းနည်းမှစိတ်ပျက်မှာ မဟုတ်။ ဒါမဲ့ ယခုပုံစံကြောင့် သူ့ကိုသူ စိတ်ညစ်လျက်ရှိသည်။ သူ့ဒဏ်ရာတွေလည်း သက်သာနေပြီး လက်ကောက်ဝတ်က ဒဏ်ရာလေးသာ အခြေအနေဆိုးနေတုန်းဖြစ်သည်။
စစ်ပိုင်ဇေဆီကို သူပြန်သွားချင်နေပြီ ဖြစ်ပေမယ့် ဒီပုံစံနဲ့သာဆို ပိုင်ဇေက သူတောင်စားဆိုပြီး ရိုက်ထုတ်မှာကို စိုးရိမ်မိသည်။ ဒါမဲ့လည်း သူတကယ်ထိုလူကြီးကို တွေ့ချင်လွန်းလှပြီဖြစ်တာမို့ ပိုင်ဇေအလုပ်သွားနေတဲ့အချိန်မှာ ခိုးဝင်ဖို့စိတ်ကူးထားသည်။
အခုကတော့ မှောင်မှောင်မိုက်မိုက်လမ်းကြားလေးထဲ အချိန်ကုန်သွားတာကို စောင့်နေသည်။ ဒီလိုနဲ့ လမ်းပေါ်က ဆေးလိပ်တစ်ခုက သူ့မျက်လုံးထဲ ဝင်လာသည်။ သူချက်ချင်း ကုန်းကောက်လိုက်ပြီး အသင့်ရှိနေတဲ့မီးခြစ်ကို ထုတ်လိုက်သည်။ ဆေးလိပ်ကို နှုတ်ခမ်းနှစ်ခုကြားထားပြီး မီးညှိကာ စသောက်နေရင်း မျက်လုံးထောင့်က လှုပ်လှုပ်နဲ့လူအရိပ်တစ်ခုကို မြင်လိုက်ရသည်။
နောက်ထပ်သူ့ကိုဖမ်းချင်နေတဲ့ လူများလားလို့ အရိပ်ထိုလူကို လှည့်ကြည့်လိုက်ပြီး ပြေးဖို့လည်း အသင့်ပြင်ထားသည်။ ဒါမဲ့ သူရင်းနီးလာတဲ့မျက်နှာပိုင်ရှင်ကို တွေ့လိုက်ရသည်။
"ဦး..."
အရိပ်နှုတ်ခမ်းမှ အသံတိုးတိုးက ထွက်လာပြီး ဆေးလိပ်ကတော့ အောက်သို့ပြုတ်ကျသွားသည်။
သူ့ဆီကို ခြေလှမ်းကဲျကြီးတွေနဲ့ လှမ်းလာနေသော စစ်ပိုင်ဇေက သူ့နားကိုရောက်ရောက်ချင်း သူ့ကိုဆွဲဖက်လေသည်။ သူလည်း အံသြနေပြီး လက်ထဲက မီးခြစ်လေး ပြုတ်ကျသွားသော တဒေါက်ဒေါက် အသံထွက်ပေါ်လာသည်။
YOU ARE READING
ဦး~ [Completed]
Short Storyစစ်ပိုင်ဇေ × အရိပ်လေး စစ်ပိုင်ဇေ × အရိပ်လေး Written by dawnnlight