အခန်း ( ၄ ) / အခန္း ( ၄ )

3K 221 6
                                    

Unicode

"အရိပ်လေး ကိုယ်ပြန်လာပြီ .. အရိပ်လေး! အရိပ်!!"

စစ်ပိုင်ဇေက အရိပ်အတွက် မုန့်ထုပ်တွေကို လက်နှစ်ဖက်လုံးမှာ ဆွဲထားပြီး အရိပ်ကိုအော်ခေါ်လျက်ရှိသည်။ ဒါမဲ့ပေါက်စလေးရဲ့အရိပ်အယောင်ကို နည်းနည်းမှ မမြင်ရတာကြောင့် ခေါ်သံက ပိုပြီးကျယ်လာသည်။

သူ့အခန်းတံခါးက ပွင့်လာပြီး မျက်ခုံးတွေတွန့်ကွေးလျက်ရှိသော ပေါက်စလေးထွက်လာမှ ပူပန်နေသော စိတ်တွေက အေးသွားသည်။ ဒါမဲ့ မြင်လိုက်ရတဲ့အရာကြောင့် သူနှာခေါင်းသွေး ယိုချင်သွားသည်။

အရိပ်က ရေချိုးပြီးခါစဖြစ်ပြီး ခါးမှာတပတ်ဖြူလေးသာပတ်ရင်း တံခါးကိုဖွင့်လိုက်တာဖြစ်သည်။ ဖြူဖြူဖွေးဖွေး အဆီမရှိ၊ အရမ်းပိန်းပါးလှသော ခန္ဓာကိုယ်လေးကို ပိုင်ဇေမှာ အချိန်ခဏကြာ စိုက်ကြည့်နေမိသည်။ ပြီးမှ သူကပဲ ရှက်စွာ မျက်နှာလွဲသွားပြီး အရိပ်ကိုပြောတော့သည်။

"အရိပ်လေး မင်း.. မင်းအဝတ်စားလဲပြီးမှ ထွက်လာခဲ့လေကွာ .. ဘာလို့ဒီအတိုင်းကြီး ထွက်လာတာလဲ .. အ..အအေးပတ်နေလိမ့်မယ် သွား သွား အခန်းထဲပြန်အဝတ်စားလဲလိုက်ဦး .. ပြီးမှထွက်ခဲ့"

အရိပ်မှာ ပိုင်ဇေကို စိုက်ကြည့်မိသည်။
ကျွန်တော်ထွက်မလာရင် ခင်များက အသံပြဲကြီးနဲ့ အော်ခေါ်နေဦးမှာလေ.. ဆိုပြီး စိတ်ထဲပြန်ပြောကာ တံခါးကိုဒုန်းကနဲ ပြန်ပိတ်သွားသည်။

အရိပ်ပြန်ပြီးထွက်လာတော့ စစ်ပိုင်ဇေက သူ့အတွက်မုန့်တွေကို ပန်းကန်ထဲသို့ သေချာထည့်ပေးထားသည်။ ပြီးရင် အရိပ်အတွက် လိမေ္မာ်ဖျော်ရည်ခွက်လေး ချထားပြီး သူ့ကိုယ်တိုင်အတွက်တော့ ဝိုင်ပုလင်းကို ချထားသည်။

"ကျွန်တော်ကျ ဘာလို့ဖျော်ရည်လဲ"

အရိပ်က ဝင်ထိုင်ရင်း ပြောလိုက်သည်။

"ဟင်.. ဝိုင်သောက်ချင်လို့လား .. ဝိုင်က ကလေးတွေအတွက် မဟုတ်ဘူးလေကွာ"

"ကျွန်တော်က ၁၈နှစ်ရောက်နေပြီ"

အရိပ်ရဲ့ခပ်အေးအေး ပြောလိုက်သော စကားက ပိုင်ဇေကို တကယ်အံသြသွားစေသည်။ သူထင်ခဲ့တာ အရိပ်က အသက်၁၅လောက်ပေါ့ အလွန်ဆုံး ၁၆လို့ တွေးထားတာဖြစ်သည်။ ပေါက်စလေးက အသက်ပြည့်နေပြီမို့ လူပျိုကြီးက မသိစိတ်ထဲ ပျော်သွားသည်။

ဦး~ [Completed]Where stories live. Discover now