Part-1

17.1K 349 4
                                    

မနက်ခင်းလေးတစ်ခုမှ
ကြည်ဖြူအိမ်တစ်ယောက်ညကမွေးနေ့မှာသောက်ထားတဲ့အရှိန်ကြောင့်ခေါင်းနောက်နောက်နဲ့နိုးထလာခဲ့တယ် ပြီးတော့သူအခန်းကိုကြည့်လိုက်တော့

"ဟိုတယ်ရောက်နေတာပဲ"
အေးအေးဆေးဆေးတွေးနေတုန်း ညကအဖြစ်အပျက်တွေခေါင်းထဲ၀င်လာတယ် ပြီးတော့ဘေးနားကိုကြည့်လိုက်မှ အကို အကိုသူရိန်ကိုတွေ့လိုက်တယ်

အားးးးးးး

ကြည်ဖြူ့အော်‌သံကြောင့်ရဲသူရိန်နိုးလာခဲ့တယ် ပြီးတော့မနေ့ညကကလေးမနဲ့အဖြစ်အပျက်တွေခေါင်းထဲချက်ချင်းပေါ်လာတယ်

သူ့ဘေးနားမှာငိုနေတဲ့ကလေးမကိုမြင်တော့

"ကလေး"

ကြည်ဖြူကသူ့ကိုမကြည့်ပဲငိုပဲငိုနေတော့တယ်

"မငိုနဲ့လေကွာ"

"လာအော်မနေနဲ့"

"ကိုယ်ပြောမယ်နော် ကိုယ်မင်းကိုတာ၀န်ယူမယ် မင်းကိုလက်ထပ်မယ် ကွာ မငိုနဲ့တော့"

"သေလိုက်ပါလား"

တော်တော်ဆိုးတဲ့ကလေးပဲ သူရိန်လည်းပြောလို့မရတာနဲ့အိပ်ယာပေါ်ကထလိုက်ပြီးဖုန်းကိုယူလိုက်ကာ အမေ့ကိုဖုန်းဆက်လိုက်ပြီး
အကျိုးအကြောင်းတွေကိုအနည်းငယ်ပြောထားလိုက်တယ်

ကြည်ဖြူလည်းအကို့လုပ်ရပ်တွေကိုကြည့်ပြီးငိုနေရင်းကနေဒေါသထွက်လာခဲ့တယ်

ကြည်ဖြူအိပ်ယာပေါ်ကထလိုက်ပြီးအခန်းထဲကထွက်ဖို့ပြင်ဆင်လိုက်တယ်

"ဘယ်သွားမှာလဲ"

"ဘယ်သွားသွားရှင်နဲ့မဆိုင်ဘူး"

"သူရိန်လည်းကြည်ဖြူ့လက်ကိုဆွဲလိုက်ပြီး ခနစောင့် ကိုယ်နဲ့အတူတူအိမ်ပြန်မယ်"

"ဘာတွေလာပြောနေတာလဲ"

"ငြိမ်ငြိမ်ထိုင်နေလိုက်တော့"

သူရိန်ရုပ်တည်ကြီးနဲ့ပြောနေတာမလို့ကြည်ဖြူလည်း‌သူရိန့်ကိုပဲ‌ထိုင်စောင့်နေလိုက်တော့တယ်

သူရိန်လည်းအ၀တ်သေချာ၀တ်ပြီး ကားသော့ယူကာ

"သွားရအောင်"

♡︎No one can fix me♡︎ (Complete)Where stories live. Discover now