ep 18

693 73 1
                                    

ကားအနက်လေးတစ်စီးပေါ်တွင်လိုက်ပါလာသောကောင်းလေးနှစ်ယောက်   ခြံတံခါးတစ်ခုရှေ့မှာထိုးရပ်သွားပြီး ဟွန်းသံပေးတော့ အထဲမှ ခြံတံခါးကိုအပြေးလာဖွင့်ပေးတဲံဦးလေးကြီးတစ်ယောက် ကားလေးကလဲရှေ့ဆက်ကာ ခြံထဲဝင်ပြီးကောရစ်တာရှေ့မှာရပ်သွားသည် ဘေးကတံခါးလေးကိုဆွဲဖွင့်ရင်း  ကျွန်တော်ကိုလက်လှမ်းပေးကာ ကားပေါ်ကဆင်းရန်ခေါ်နေသည့်ချစ်ရတဲ့ကို  ဟုတ်ပါသည် ကျွန်တော်တို့ဒီနေ့နေ့တဝက်ကျောင်းပြေးရပြန်ပြီ အကြောင်းကတော့ ကျွန်တော်သိပ်ချစ်ရတဲ့ကိုဆိုတဲ့လူသားက ကျွန်တော့်ကိုသူ့မိဘ​တွေနဲ့တွေ့ပေးရန် kim အိမ်တော်သို့ခေါ်လာချင်းပင်  

   tae:  ကလေးလာလေ.  

လက်လှမ်းပေးတာကို  ကြောင်ပြီးငေးနေတဲ့ကလေးကိုအသံပြုတော့မှ ကျွန်တော့်ကိုပြန်ကမ်းပေးတဲ့လက်ကလေးဟာ အေးစက်လို့. ဒီကောင်လေးစိတ်လှူပ်ရှားနေတာဖြစ်မယ်

tae:   စိုးရိမ်နေတာလားကလေး မကြောက်ပါနဲ့ ကို့ appa နဲ့ omma ကသဘောကောင်းပါတယ် ကလေးကိုလဲသဘောကြမှာ

jk:  ဟုတ်

  ထိုစဉ်အိမ်ရှေ့ထွက်လာတဲ့အမျိုးသမီးတစ်ဦးမှ

mrs kim:   သားထယ် ရောက်ပြီလား လားလေကွယ်အိမ်ထဲမဝင်ဘဲ ဘာရပ်လုပ်နေတာလဲ သားလေးလဲလာလေ

    ကို့ကိုသားထယ်လို့ခေါ်လိုက်တယ်ဆိုတော့ ကို့ အမေဘဲဖစ်မယ် တဆက်ထဲကျွန်တော့်ကိုပါသားလို့ခေါ်ပြီးဖော်ရွေစွာဆက်ဆံလာတော့ ကြောက်စိတ်အနည်းငယ်တော့ပျောက်သွားတာအမှန်  ကိုနဲ့အတူအိမ်ထဲဝင်လာရင်းဧည့်ခန်းထဲရောက်တော့  ကို့ appa ကဆိုဖာပေါ်မှာထိုင်ရင်းကျွန်တော်တို့ကိုစိုက်ကြည့်နေသည် 

mrs kim: ထိုင်အုံးသားတို့. omma အအေးဖျော်ခဲ့မယ် 

ကျွန်တော်လဲ ကိုနဲ့အတူဆိုဖာတစ်ခုတွင်ဝင်ထိုင်လိုက်သည်

tae: appa ဒါသားပြောတဲ့ သားချစ်သူ kookie လေ

mr kim:  omm တွေ့ရတာဝမ်းသာပါတယ်သား

jk:  ဟုတ်ကျွန်တော်လဲတွေ့ရတာဝမ်းသားပါတယ်အန်ကယ်

ကိုထင်ထားတာနဲ့ကွဲလွဲစွာပင် နွေးထွေးစွာကြိုဆိုတဲ့ kim မိသားစုကြောင့်  ပျော်မိတာတော့အမှန် ဒါကြောင့်လဲ ယုန်သွားလေးတွေပေါ်တဲ့ထိ ဟန်မဆောင်ဘဲပြုံးပြမိတော့

Kim Love Jeon(Completed)Where stories live. Discover now