ep 32 (final)

2.1K 86 5
                                    

မြို့ငယ်လေးတစ်ခုရဲ့ ခြံဝန်းလေးထဲကအိမ်သေးသေးလေးထဲတွင် ကောင်လေးတစ်ယောက်မီးဖိုချောင်မှာ အလုပ်ရှုပ်နေတော့သည် အကြောင်းကတော့ ချစ်ရသူလူသားအတွက် ကော်ဖီဖျော်ရန်ပြင်နေချင်း ဟုတ်ပါသည်ဒါဟာ အိမ်တော်မှာတုံးက မီးဖိုချောင်ဘယ်နားရှိမှန်းတောင်မသိတဲ့ kookie ဆိုတဲ့ ဂျွန်ဂျောင်ကု ပါ ကိုနဲ့ ကျွန်တော်ခိုး​ပြေးလာတာခုဆို တစ်ပတ်တောင်ရှိပြီလေ. ကိုနဲ့ကျွန်တော်ကခု ကိုကိုနဲ့သူ့ချစ်သူနေမို့ဝယ်ထားတဲ့အိမ်လေးမှာနေတာ အိမ်လေးက ချစ်စရာလေးဗျ နေရာလေးကလဲအေးချမ်းတယ် မြို့လေးကလဲနေချင်စရာလေး ကိုကိုကအရွေးတော်သားဘဲ ခြံဝန်းလေးနဲံ့အိမ်အသေးလေးဟာ ဂျွန်အိမ်တော်လောက်မခန်းနားပေမဲ့ ကို့နဲ့ကျွန်တော်ရဲ့မေတ္တာတွေ နဲ့လွှမ်းခြုံထားသည်မို့ အရမ်းကိုပျော်စရာကောင်းလွန်းလှပါသည် ဒီလိုလေးဘဲအမြဲနေသွားချင်မိသည် အနှောင်အဖွဲ့တွေ မာနတရားတွေ အဆင့်အတန်းတွေဘားမှမပါဘဲ အချစ်တွေနဲ့သာတည်ဆောက်ထားတဲ့ ဒီအိမ်လေးဟာအေးခြမ်းလွန်းလှပါသည် ဒါပေမဲ့လဲ appa တို့ omma တို့ ဖွားဖွားတို့ ကိုကိုတို့ကိုတော့သတိရမိသားဗျ
ကျွန်တော့်လိုဘဲ ko လဲသူ့မိဘတွေကိုသတိရှာမှာ ကျွန်တော်တို့က မတတ်သာလို့သာခုလိုလုပ်ခဲ့ရတာလေ. အိမ်ကလူကြီးတွေရဲ့မာန်မာနတွေကြောင့်သာဒီလိုထွက်ပြေးလာခဲ့ရတာ အိမ်နဲ့ခွဲနေရတာကိုတော့ နှစ်ယောက် လုံးသဘောမတွေ့လှ တစ်ခါတလေဆို omma တို့ကိုသိပ်လွမ်းတာဘဲ တနေ့နေ့မှာ ကျွန်တော်တို့ကိုလက်ခံပေးရင်သိပ်ကောင်းမှာဘဲ ဗျာ ကျွန်တော်ချစ်ရတဲ့လူတွေနဲ့ ခုလိုတကွဲတပြားမနေချင်ဘူး ဖုန်းလေးတောင်ဆက်ခွင့်မရတဲ့ဘဝကြီးမှာကျွန်တော်ကြာကြာမနေချင်ဘူး ကျွန်တော်ကို့ကိုချစ်သလို appa တို့ဖွားဖွားတို့. ကိုလဲသိပ်ချစ်ပါသည် နှစ်ဖက်စလုံးကိုကျွန်တော်မစွန့်လွှတ်နိုင်ဘူး ဒါကြောင့် ဖွားဖွားတို့ရဲ့ ရန်ညိုးတွေကိုအမြန်ချေပါတော့နော် မြေးဖွားတို့နဲ့အကြာကြီးခွဲမနေချင်ဘူး အရမ်းလွမ်းလှပြီ ခုဆိုမြေးဒီလိုလုပ်လိုက်လို့ မြေးကို မုန်းနေကျပြီလား ဒါမှမဟုတ် မြေးတို့ကိုခွင့်လွှတ်ပေးနိုင်ပြီလားသိပ်သိချင်တာဘဲ

Kim Love Jeon(Completed)Where stories live. Discover now