5 နှစ်ခန့်ကြာသော်
namjoon. တစ်ယောက် အလုပ်ကိစ္စနှင့်နယ်မြို့လေးတစ်မြို့ဆီခရီးထွက်ခဲ့သည် အလုပ်ကိစ္စတွေပြီးသွားတော့ အနီးနားကရွာမြို့လေးမှာဈေးပွဲတော်ရှိသည်ဟုဆိုသောကြောင့် လျှောက်ပတ်ကြည့်ရန်ထွက်လာခဲ့သည် ပွဲဈေးတန်းလေးဟာ စားစရာတွေကော ကစားစရာတွေကောနဲ့ပြည့်နှက်နေခဲ့သည် ရေခဲမုန့်ဆိုင်လေးအရှေ့ရောက်တော့ တစ်ယောက်သောသူကို သတိရမိပါရဲ့. ရေခဲ့မုန့်ဆို အရမ်းကြိုက်တတ်တဲ့ငယ် အိမ်ကမသိအောင် ခိုးဝယ်ကြွေး ခဲ့တဲ့အချိန်တွေကိုပြန်တွေးမိပါရဲ့. ခုဆိုရင် ငယ် ကျွန်တော်တို့ဘဝထဲမှာမရှိတော့တာ ၅ နှစ်တောင်ရှိခဲ့ပြီ အစကတော့ ငယ်မရှိတော့ဘူးဆိုတာ လက်မခံနိုင်ခဲ့ဘူး အချိန်တွေ ကြာလာတာနဲ့အမျှ ကျွန်တော်လဲ လက်ခံပေးလိုက်ရတာပေါ့ ဘာလို့များကိုကိုတို့ကို ထားသွားရတာလဲ ငယ်ရယ် ကိုကိုလေ hyung ကိုလွမ်းရတာကတစ်မျိုး ငယ့်ကိုလွမ်းရတာကတစ်မျိုးနဲ့. ကိုကိုရူးတော့မယ် ငယ်ရဲ့.
အတွေးကောင်းနေတုံး ရေခဲ့မုန့်ကိုင်ထားတဲ့ ၄ နှစ်အရွယ် ကလေးလေးဟာ ကျွန်တော့်အနားရောက်လာကာ
kid: ဦးဦး ရေခဲ့မုန့်စားချင်လို့ငိုနေတာလား
nj: ကလေးပြောမှ ငယ်အကြောင်းတွေးရင်းကျနေတဲ့မျက်ရည်လေးတွေကိုသုတ်ကာ ကလေးလေးကိုသေချာကြည့်မိတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေဟာ တစ်စုံတစ်ယောက်ကို သတိရစေတာအမှန်
kid: ဥိးဦး မငိုပါနဲ့ ရေခဲ့မုန့်စားချင်ရင် သားဟာစားလိုက်ပါ သားက. daady ကိုနောက်တစ်ခုဝယ်ခိုင်းလိုက်မယ်လေ
nj: သားလေးကလိမ်မာလိုက်တာ ဦးကို ရေခဲ့မုန့်ကြွေးတဲ့အတွက်တော့ကျေးဇူးပါ ဒါပေမဲ့ဦးက ရေခဲမုန့်စားချင်လို့ငိုတာမဟုတ်ပါဘူး ရေခဲမုန့်သိပ်ကြိုက်တတ်တဲ့ ဦး ညီလေးကိုသတိရလို့ငိုမိတာ ပါ
kid: aww ဟုတ်လား ဦးသိလား သား ပါပါးကလဲလေ ရေခဲမုန့်သိပ်ကြိုက်တာ
nj: ဟုတ်လား ဒါနဲ့ သားလေးမိဘတွေကော တစ်ယောက်ထဲ ဆို ပျောက်သွားအုံးမယ်ကလေးရယ်
YOU ARE READING
Kim Love Jeon(Completed)
Romanceမတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကြားမှာ ကိုတို့အချစ်တွေက မြေဇာပင်ဖြစ်ပေးရမှာတဲ့လား