ep 27

685 65 3
                                    

  ပြသနာတွေဖြစ်ပြီးထဲက ဂျောင်ကုလဲအိမ်ထဲကမထွက်ကတာ  တစ်ပတ်လောက်ပင် ရှိနေပြီ  အခန်းထဲမှာနေချိန်ကလွဲလို့. ခြံထဲ လမ်းဆင်းလျှောက်ရင်တောင်  အစောင့် တွေကအမြဲစောင့်ကြည့်နေကြသည်  appa နဲ့ ဖွားဖွားက  ကျောင်းလဲသွားခွင့်မပေးတော့  ကို့နဲ့လဲအဆက်သွယ် လုပ်ခွင့်မရ. ပြသနာဖြစ်တဲ့နေ့က namjoonie hyung က ko ကို ဆေးရုံပို့ပေးခဲ့လို သက်သာနေပါပြီဆိုတာကလွဲရင်  ကျန်တာဘာသတင်းမှမကြားရ ဒီကြားထဲ ဟိုလူနဲ့မင်္ဂလာဆောင် ကိစ္စကို အတင်းစီစဉ်နေသေး     စိတ်ညစ်တယ်  သေချင်တာဘဲသိတယ်  ဒါပေမဲ့လဲ သေလို့မဖြစ်ဘူး ဘာလို့လဲဆိုတော့  ကို့ကိုပေးထားတဲ့ကတိတည်ရအုံးမယ် ကိုကပြောဖူးတယ် တစ်ချိန်ချိန် မှာ ဘာပြသနာတွေဘဲဖြစ်လာဖြစ်လာ jinne hyung က ကိုကို့ကိုထားသွားသလိုမျိုး  သူ့ကိုထားသွားမို့ဘယ်တော့မှ မစဉ်းစားပါနဲ့တဲ့  ကျွန်တော်သာမရှိရင် သူလဲဒီလောကထဲမှာဆက်ရှင်သန်နိုင်မှာမဟုတ်ဘူးတဲ့  အဲ့ဒါကြောင့် ကို့အတွက် ကျွန်တော်အသက်ဆက်ရှင်နေမှဖြစ်မယ်

အိမ်တော်ထိန်းဂင် : kookie လေး 

     yoon သခင်လေး လာ​ခေါ်မယ်ဆိုတဲ့အကြောင်းကို သခင်ကြီးကဖုန်းဆက်တာကြောင့် ခြံထဲက ဒန်းလေးပေါ်မှာ ထိုင်နေရှာတဲ့  kookie လေးကိုပြောပြရန် ထွက်လာခဲ့သည်  အရင်ဆို အမြဲတတ်တတ်ကြွကြွ ဖြစ်နေတတ်တဲ့ ကလေးက ဟိုနားခွေ ဒီနားခွေ တမှိုင်မှိုင်အထွေထွေ ဖြစ်နေတော့ မြင်ရတဲ့လူတွေဟာလဲစိတ်မကောင်း သခင်ကြီးဟာသူ့ကလေးတွေကိုအရမ်းချစ်ပါသည် သို့သော်လဲ ထုတ်ဖော်မပြောတတ် အရင်နေ့တွေက kookie လေးထမင်းမစားတုံးကဆို သူလဲထမင်းမစား ဘဲနေခဲ့တယ် အချိန်ကြာလာတော့ ကလေးငယ်ကိုအားပြတ်မှာဆိုးတာကြောင့်  အကိုလေး joon က အတင်းပြောကာကြွေးမှ ထမင်းအနည်းငယ်စားလာတဲ့ kookie လေးကြောင့် စိတ်အေးရတာအမှန် ဘယ်လိုအရာမျိုးဖြစ်ဖြစ် သားတွေကိုအလျော့ပေးတတ်တဲ့ သခင်ကြီးက ဒီကိစ္စမှာ​တော့ တဆက်​လေးမှအလျော့ပေးချင်ပုံမပေါ် ဒါဟာလဲမယ်မယ်ကြီးရဲ့ အငြိုးအတေးတွေဟာ သခင်ကြီးအ​ပေါ်ပါလွှမ်းမိုးနေသောကြောင့် ဖြစ်သည် သခင်မကတော့  အနေအေးသူပီပီ ဘယ်နေရာမှ ဝင်မဆုံးဖြတ် သားတွေရဲ့အဖြစ်ကိုကြည့်ပြီးသာ တငိုငိုတရီရီ    မယ်တော်ကြီးကတော့  ကလေးတွေခံစားနေရတာကိုတောင်မမြင်နိုင်ဘဲ အတ္တမာနတွေဖုန်းလွှမ်းနေတုံး    ခြံထဲကဒန်းလေးပေါ်မှာငြိမ်သက်စွာထိုင်နေတဲ့ kookie လေးကိုအနောက်ကနေ အသံပြုမိတော့  လှည့်ကြည့်လာတဲ  မျက်ဝန်းငယ်လေးတွေမှာ မျက်ရည်ဥလေးတွေ တွဲခိုလျှက်

Kim Love Jeon(Completed)Where stories live. Discover now