Novel Summary

11.6K 881 44
                                    

သူသတိရလာတဲ့အခါမှ ဇုချီသည် သူ့ကိုယ်သူဝတ္ထုထဲကအမြှောက်စာ အဖြစ်ကူးပြောင်းလာ‌‌ကြောင်းသိလိုက်ရသည်။

အမြှောက်စာ ဇာတ်ကောင် အစောပိုင်းမှာ လှည့်ကွက်‌တွေသုံးပြီး ဒုတိယအမျိုးသား ဇာတ်ဆောင်ရဲ့ အိပ်ရာပေါ်ကို တက်ခဲ့တယ်။ ကိုယ်ဝန်ရပြီးနောက် သူသည် သြဇာအာဏာရှိတဲ့ မိသားစုရဲ့"ချမ်းသာတဲ့ဇနီးလေး" ဖြစ်လာခဲ့သည်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နှိပ်စက်စွန့်ပစ်ခံခဲ့ရပြီး အဆုံးသတ်ကတော့ တကယ်ကို သနားစရာကောင်းတယ်။

ထိုကြေကွဲဖွယ်အဆုံးသတ်ကို ပြောင်းလဲဖို့ တစ်ခုတည်းသောနည်းလမ်းမှာ ဒုတိယအမျိုးသားဇာတ်ဆောင်နဲ့ အမျိုးသမီးဇာတ်ဆောင်တို့ရဲ့ချစ်ခြင်းကို တားဆီးရန်ဖြစ်သည်။

ဒါပေမယ့် ဇုချီက သူ့မှာ ဇာတ်ကြောင်းကိုပြောင်းလဲနိုင်တဲ့ ကြီးကျယ်ခမ်းနားတဲ့ စွမ်းရည်နဲ့ ဆွဲဆောင်မှု မရှိဘူးလို့ ယုံကြည်တယ်။

ဒါကြောင့် ခရီးဆောင်အိတ်ကို အမြန်ထုပ်ပိုးပြီး ခြောက်လကျော် ကိုယ်ဝန်ဗိုက်ကြီးနဲ့... သူထွက်ပြေးသွားလိုက်တယ်!

**

ချမ်းသာပြီး အာဏာကြီးတဲ့ မိသားစုမှ ဆင်းသက်လာတဲ့ သူဌေးကြီး ရွှယ့်ကျွယ် သည် ချောမောပြီး နောက်ကြောင်းလည်း အလွန်သန့်ရှင်းတယ်။သူ့အိမ်မှာမှာ စေ့စပ်ထားတဲ့သူရှိတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတာကြောင့် မြောက်မြားစွာသောလူတွေရဲ့ နှလုံးသားတွေကွဲကြေနေရတယ်။ဒါကြောင့် ထိုအချစ်‌ရေးပျက်စီးသွားဖို့ မရေမတွက်နိုင်တဲ့ ယောင်္ကျားမိန်းမတွေ စောင့်မျှော်နေကြသည်။

တစ်နေ့တော့ အိမ်ထိန်းက

"သခင်၊ မကောင်းတော့ဘူး မဒမ် အိမ်ကထွက်ပြေးသွားပြီ"

ထိုနေ့မွန်းလွဲပိုင်းမှာ ကိုယ်ပိုင်အပန်းဖြေအိမ်တွင် ဒေါသထွက်နေတဲ့ရွှယ့်ကျွယ် နှင့် ရေကူးဘောင်းဘီတိုဝတ်ကာ ဗိုက်ကြီးကို ဂုဏ်ယူစွာ‌ ဖော်ပြထားပြီး လက်နှစ်ဘက်စလုံးကြက်ခြေထောက်ကင်တွေကိုင်ကာ ပါးစပ်တွေအဆီပြန်တဲ့အထိ စားသောက်နေတဲ့ ဇုချီတို့ စကားပြောနေခဲ့ကြသည်။

လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]Where stories live. Discover now