12

5.2K 653 56
                                    

ပိုက်ဆံတွေ ဝင်လာပြီ

မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ဒီနေ့ ငါတို့ မစ္စတာဇုချီနဲ့ တွေ့ဖို့ လာခဲ့တာ"


ဒီရက်ပိုင်းအတွင်း အိမ်ထိန်းကျောင်းက ရွှယ့်ကျွယ်ကို အနီးကပ်စောင့်ရှောက်ရတာကြောင့် ရွှယ့်ကျွယ်နဲ့တွေ့ဖို့ အကြိမ်ပေါင်းများစွာလာဖူးတဲ့ ပိုင်ကွမ့်ကျန်ကို အရင်ကမြင်ဖူးထားသည်။

အိမ်ထိန်းကျောင်းက ပိုင်ကွမ်ကျန် နောက်ကနေလိုက်လာတဲ့ လူလတ်ပိုင်းအုပ်စုကို မသိပေမယ့် သူတို့ရဲ့အဝတ်အစားအရ သာမာန်လူမဖြစ်နိုင်ဘူး။

"ဟယ်လို ကျောင်းရှု"

ပိုင်ကွမ့်ကျန် ပြုံးပြုံးရွှင်ရွှင်နဲ့ လျှောက်သွားပြီး အိမ်ထိန်းကျောင်းနဲ့ လက်ဆွဲနှုတ်ဆက်သည်။ သူခေါ်လာတဲ့ လူရှစ်ယောက်နဲ့ အတိုချုံး မိတ်ဆက်ပေးလိုက်တယ်။

"ဒီနေ့ ထပ်ပြီး အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်"

"မဟုတ်ရပါဘူး"

အိမ်ထိန်းကျောင်းက ယဉ်ယဥ်ကျေးကျေးပဲပြန်ပြောသည်။ပိုင်ကွမ့်ကျန်က ရွှယ့်ကျွယ်နဲ့ စီးပွားရေးအကြောင်းဆွေးနွေးဖို့ လာတာလား၊သူနားမလည်နိုင်တာက ပိုင်ကွမ့်ကျန် ဒီကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပေမယ့် နေရာမှားပြီး မျက်စိလည်နေတုန်းပဲလား။

သူတို့ကတံခါးခေါက်ဖို့ အချိန်မရှိဘူးထင်တယ်။တော်သေးတာပေါ့ သူနဲ့တွေ့လို့ မဟုတ်ရင် သူတို့အိမ်ထဲကိုရောက်နေတာ သိလိုက်မှာတောင် မဟုတ်ဘူး။

အိမ်ထိန်းကျောင်း သက်ပြင်းချလိုက်ပြီး အဆင်ပြေသွားအောင် အလျင်အမြန် လက်ဟန်ပြကာ

"ကျေးဇူးပြုပြီး ကျွန်တော်နဲ့ဒီဘက်ကို လိုက်ခဲ့ပေးပါ"

လို့ ပြောလိုက်တယ်။

ပိုင်ကွမ့်ကျန်က

"ငါတို့လာမယ်ဆိုတာ သိပြီးသားလား"

ရွှယ့်ကျွယ် လွန်ခဲ့တဲ့နှစ်ရက်က မကြာခင် သူနဲ့ ပိုင်ကွမ့်ကျန် စာချုပ်ကိစ္စအသေးစိတ် ဆွေးနွေးရမဲ့အကြောင်း အိမ်ထိန်းကျောင်းကို ပြောထားဖူးတယ်။ ဒီတော့ အိမ်ထိန်း‌ကျောင်းက ခေါင်းညိတ်ပြပြီး

လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]Where stories live. Discover now