5

4.5K 776 14
                                    

ပိုက်ဆံပေးမယ်


ရွေးချယ်မှုက မင်းဆီမှာ


ရွှယ့်ကျွယ်နဲ့ ဇုချီက သိတာ သိပ်မကြာသေးဘူးပြောလို့ရပေမယ့် တွေးကြည့်ရင် တစ်နှစ်ခွဲကျော်လောက် အတူရှိနေခဲ့တယ်။ဇုချီ က ဘယ်လိုလူလဲဆိုတာ သူ ကောင်းကောင်းကြီးသိတယ် - ဘဝင်မြင့်တယ်။ ခေါင်းမာတယ်။ အမြင့်ကိုရောက်ဖို့ ဘာမဆိုလုပ်မယ့်သူ။

ဇုချီရဲ့ ဆိုးသွမ်းတဲ့အကျင့်တွေက ရွှယ့်ကျွယ်ရဲ့ နှလုံးသားထဲမှာ နက်ရှိုင်းစွာ စွဲထင်နေခဲ့တာ ကြာပြီ၊ ဒါကြောင့် ဇုချီကစပြီး လမ်းခွဲဖို့ အတည်ပြောလာလိမ့်မယ်လို့ သူ ဘယ်တုံးကမှ မမျှော်လင့်ခဲ့ဘူး။

ဒါမှမဟုတ် ဒါက ဇုချီရဲ့ ရှေ့တိုးဖို့ နောက်တစ်လမ်းဆုတ်တဲ့ အပေါစားလှည့်ကွက်တစ်ခုပဲလား?

ရွှယ့်ကျွယ် နားမလည်ပေမယ့် အခုအချိန်မှာတော့ ဒီလိုအသေးအဖွဲကိစ္စတွေမှာ အချိန်အများကြီးသုံးပြီး အာရုံများမနေချင်ဘူး။ခနကြာတော့ ဇုချီက အရောင်သွေးစုံလင်တဲ့ လိပ်ပြာတစ်ကောင်လို ၀တ်ဆင်ထားတာကို သတိထားမိလိုက်ပြီး ချက်ချင်းပဲ သူ့မျက်ခုံးတွေ တွန့်ချိုးသွားတယ်။

"မင်းဒီလိုဝတ်ပြီး လာခဲ့တာလား"

"တခြားဘာရှိ နေသေးလို့လဲ?"

ဇုချီမျက်လုံးတွေကို လခြမ်းပုံ ကွေးသွားသည်အထိ တိုးတိုးလေး ရယ်လိုက်တယ်။ သူ့အဝတ်အစားတွေကိုပြဖို့ လက်မြှောက်ပြီး အကျီကိုကိုင်လိုက်တယ်။

"ကျွန်တော်တို့ လမ်းခွဲတော့မယ့် အရေးကြီးဆုံးအကြောင်းပြောမှာဆိုတော့ ကျွန်တော့်အကြိုက်ဆုံးအကျီကို ဝတ်လာရတာပေါ့။ လူကြီးမင်းဘယ်လိုထင်လဲ? ကျွန်တော်နဲ့ကြည့်ကောင်းလား?"

စကားပြောပြီးတဲ့နောက် ဇုချီမတ်တပ်ရပ်လိုက်ပြီး ရွှယ်ကျွယ်ရှေ့မှာ တမင်တကာပဲ ဖြည်းဖြည်းချင်း လှည့်ပြလိုက်တယ်။

သူလှည့်ပြပြီးတဲ့နောက်မှာ ရွှယ်ကျွယ်မျက်နှာက ဒေါသကြောင့် ပြာသွားတာကို တွေ့လိုက်ရပြီး သူ့ခန္ဓာကိုယ်က ထွက်လာတဲ့ လေဖိအားနည်းရပ်ဝန်းက ထုထည်ကြီးလာကာ တခန်းလုံးကို စိမ့်ဝင်လာတယ်။ဇုချီအပြုံးက ထိန်းမထားနိုင်တော့ဘဲ ပိုပြီးတောက်ပလာတယ်။

လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]Where stories live. Discover now