11

3.1K 544 17
                                    

ဖောက်သည်စုဆောင်းခြင်း


တစ်နေ့လုံး အလေလိုက်ရတာကို သဘောကျတယ်

နောက်ဆုံးတော့ ဒါက ယွမ် 30,000 နီးပါးနဲ့ ဝယ်လာတဲ့ ပန်းစည်းဖြစ်တာကြောင့် ပိုင်ကွမ့်ကျန် ဂရုမစိုက်ဘဲ မနေနိုင်ဘူး

အခန်းထဲက အကြီးဆုံးနဲ့ အလှပဆုံး ပန်းအိုးကို ရှာပြီး ရေဆေး အခြောက်သုတ်ပြီးမှ တောရိုင်းဂန္ဓာမာပန်းတွေကို ရေလောင်းကာ အထဲမှာ ဂရုတစိုက်ထည့်ထားလိုက်တယ်။

ဂန္ဓာမာပန်းထိရောက်မှုရှိမရှိ စမ်းသပ်ဖို့အတွက် ပိုင်ကွမ့်ကျန် ဒီနေ့ည စောစော အိပ်ယာဝင်လိုက်သည်။ တီဗီခန ကြည့်ပြီးနောက် ရေချိုးပြီး အိပ်ယာပေါ် လှဲလိုက်တယ်။ ဟုတ်ပါတယ်၊ ကုတင်ဘေးမှာ တောရိုင်းဂန္ဓမာရိုင်းပန်း ထားဖို့လည်း မမေ့ဘူး။

သို့သော် အချိန်ကြာလာတာတဲ့အထိ ပိုင်ကွမ့်ကျန် အားအင်အပြည့်ခံစားနေရပြီး နည်းနည်းမှ အိပ်ငိုက်မလာပေ။

တောရိုင်းဂန္ဓမာအနံ့တွေ လေထဲမှာ ပျံ့လွင့်နေပေမယ့် ပိုင်ကွမ့်ကျန်ရဲ့ မျှော်လင့်ချက်ကတော့ မသိလိုက်တဲ့အချိန်မှာပဲ အောက်ဆုံးကို ကျဆင်းသွားတော့သည်။ သူ့ဆုံးဖြတ်ချက် မှန်ကန်ရဲ့လားလို့တောင် သံသယဖြစ်မိတယ်။

အားလုံးက နားလည်မှုလွဲသွားတာဆိုရင်ရော ဘာဖြစ်သွားမလဲ။

နောက်ဆုံးတော့ မနေ့ညက အပြေးလေ့ကျင့်ခန်းလုပ်ခဲ့တဲ့အတွက် မောဟိုက်နေခဲ့တယ်။ သူနောက်ထပ် အိပ်ဆေး နှစ်လုံးကိုလည်း ထပ်သောက်ခဲ့သေးတယ်။ အခုလိုအခြေအနေမျိုးမှာ အရင်က တစ်ခါမှ မအိပ်ပျော်ဖူးပေမယ့် မနေ့ညက စိတ်ရောကိုယ်ရော နှစ်မျိုးလုံး ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်သွားခဲ့သည်။

ပိုင်ကွမ့်ကျန် စိတ်တွေ‌ရှုပ်ထွေးနေပြီး ဒီအကြောင်း များများတွေးလေ၊ ပိုစိတ်ပျက်လေ ဖြစ်လာတယ်။ ဇုချီဆီက ဂန္ဓမာပန်းကို ယွမ် ၂၀,၀၀၀ ကျော်နဲ့ ဝယ်ခဲ့တုံးက အရမ်းစိတ်လှုပ်ရှားနေခဲ့တာကို တွေးမိပြီး ခဏတော့ နောင်တရမိသည်။

ပြတင်းပေါက်အပြင်ဘက်မှာ ကောင်းကင်က ဘယ်အချိန် မှောင်နေမှန်းမသိ။ပိုင်ကွမ့်ကျန် အိပ်မပျော်တာကြောင့် ကုတင်ဘေးမှာ ထိုင်ပြီး လက်ထောက် သူ့ဆီပို့ထားတဲ့ အီးမေးလ်ကို ဖတ်ဖို့ ဖုန်းကို ကောက်ကိုင်လိုက်တယ်။

လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]Where stories live. Discover now