1

7.5K 891 26
                                    

အသစ်တဖန်စတင်ခြင်း

အိပ်ရာက နိုးလာတော့ သူဖတ်ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ထဲကို တကယ်ပဲ ရောက်သွားခဲ့တယ်။

မနက်စောစော ပန်းခြံထဲတွင် နေရောင်‌ဖျော့ဖျော့လေးကျကာ သစ်ပင်ရိပ်အနည်းငယ်လည်းရှိနေသည်။ရွှေရောင်အလင်းတန်းတစ်ခုက ခြံဝင်းထဲကနေ ဖြတ်ဝင်လာပြီး အနီရောင်အမိုးနဲ့ အဖြူရောင်နံရံတွေကာရံထားကာ လှပတဲ့ အနောက်တိုင်းပုံစံ အဆောက်အအုံတစ်ခုပေါ် ကျရောက်သွားတယ်။

အနောက်တိုင်းပုံစံ အဆောက်အဦးရဲ့ ဒုတိယထပ်ညာဘက်နံရံရှိ ကြမ်းပြင်ကနေမျက်နှာကျက်ထိမြင့်တဲ့ ပြတင်းပေါက်ကို အညိုရင့်ရောင် လိုက်ကာများဖြင့် တင်းတင်းကြပ်ကြပ် ကာထားပြီး နံနက်ခင်းအလင်းရောင်ကို လိုက်ကာများက မရေမတွက်နိုင်သော တောက်ပမှုအလွှာအဖြစ် တားဆီးပေးထားသည်။

ထိုအခန်းသည် လေထုလှုပ်ရှားမှုကို ကြားနိုင်တဲ့အထိ အရာအားလုံး တိတ်ဆိတ်နေတယ်။

ဇုချီက နှစ်မီတာရှိတဲ့ကုတင်အလယ်မှာ လဲလျောင်းနေပြီး ပတ်၀န်းကျင်က သိပ်မလင်းသေးပေမဲ့ ဘောလုံးပုံပေါက်နေတဲ့ သူ့ဗိုက်ကို သူမြင်နေရတုံးပဲ။

သက်ပြင်းချလိုက်ပြီး ညာဘက်လက်ကို မြှောက်ကာ ခြောက်လကျော်ကိုယ်ဝန်ရှိနေသည့်ဗိုက်ကို မယုံကြည်နိုင်စွာထိလိုက်တယ်။

အထဲကကောင်လေးက သူ့အထိအတွေ့ကို ခံစားလိုက်ရတာကြောင့်လားမသိ ရုတ်တရက်‌ မသိမသာလှုပ်ရှားလာတယ်။သူ့ဗိုက်ကို ထိတာ လက်နဲ့လား ခြေထောက်နဲ့လားတော့ မသိဘူး။ထိုသေးငယ်သောလှုပ်ရှားမှုအားလုံးက ဇုချီ ရဲ့လက်ဖဝါးထဲသို့ကျ ရောက်သွားသည်။

လွန်ခဲ့တဲ့ငါးရက်လောက်ကဆိုရင် ဇုချီတုန်လှုပ်‌နေနိုင်တယ် ဒါပေမယ့် အခုချိန်မှာတော့ သူ့နှလုံးသားထဲမှာတုန်လှုပ်မှုကိုလည်းမခံစားရတော့ဘူး။မပြောင်းလဲတဲ့မျက်နှာနဲ့ သူ့ဗိုက်ကိုပွတ်သပ်နေလိုက်သည်။

"တိတ်တိတ်နေ"

ကောင်လေးက သူပြောတာကို နားလည်တာလားတော့မသိပေမယ့် တကယ်မလှုပ်တော့ဘူး။

လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]Where stories live. Discover now