Part 6

12.6K 883 12
                                    

   မှူး ဖေကျော်နဲ့မေဆုတို့အတွက် ထမင်းချိုင့်ထည့်ပေးရန် ချက်ပြုတ်ပြီးစီးပြီဖြစ်၍ ဆိုင်၂ဆိုင်မှ ကလေးတွေကို ထမင်းချိုင့်ထည့်ပေးလိုက်သည်။ ထို့နောက် အမေ့ဆိုင်ဘက် ရောက်လာခဲ့သည်မှာ တစ်နာရီကျော်လောက် ရှိလေပြီ။

အလုပ်လုပ်ရင်း ဆိုင်ထဲကတိုင်ကပ်နာရီဆီ အကြည့်တို့ ခဏခဏ ရောက်မိသည်။နေ့ခင်း ၁၂ နာရီ ထိုးဖို့ ငါးမိနစ်သာလိုတော့သည်။နေ့လည်စာစားဖို့ နေသော်ခုထိပြန်မလာသေး ။

ဒေါ်ချို  အလုပ်လုပ်ရင်း နာရီကိုတကြည့်ကြည့်လုပ်နေသော သားတော်မောင်ကြောင့် သူ့ယောကျ်ားငနေကို မျှော်နေမှန်းခန့်မှန်းရိပ်မိသည်။

'' သားမှူး.... သားနေဆီ ဖုန်းဆက်ကြည့်ပါလား...အလုပ်တွေ အရမ်းရှုပ်နေတာထင်တယ်..''

အမေ့ကို ပြန်ဖြေမလို့လုပ်တုန်း မှူးဘေးနားက စားပွဲပေါ်ရှိ မှူးဖုန်းလေး အသံမြည်လာသည် ။ မှူး ကြည့်လိုက်တော့ နေသော်ဖုန်းဆက်လာခြင်းမို့ အမြန်ကိုင်လိုက်သည် ။

''Hello. ..''

'' မှူး... မင်းဘယ်မှာလဲ....''

'' ငါ..အမေ့ဆိုင်မှာ...''

'' ကိုယ် ခုပြန်လာပြီ၊အဲ့ကစောင့်နေ ကိုယ် ဝင်ခေါ်မယ်.. ''

'' အင်း...ငါစောင့်နေမှာမို့ ဆိုင်ကယ်ဖြေးဖြေး မောင်းခဲ့နော်...''

'' onm. ..''

ခဏအကြာ မှူးဖုန်းချလိုက်သည်။

'' သားနေ.. ပြန်လာပြီတဲ့လား သား...''

'' ပြန်လာနေပီ အမေ...သား အရှေ့မှာ သွားစောင့်လိုက်အုံးမယ်....''

မှူး အမေ့ကို ပြန်ဖြေရင်း ဆိုင်ရှေ့က လွတ်နေတဲ့ စားပွဲဝိုင်းတစ်ဝ်ိုင်းကခုံတစ်ခုံတွင် ထိုင်စောင့်နေလိုက်သည် ။

ထမင်းစားဖို့နောက်ကျလို့ သူ ဗိုက်အောင့်သွားမှာ မှူး စိုးရိမ်သည်။ ခဏအကြာတွင် နေသော့်ဆိုင်ကယ် မှူးတို့ ဆိုင်ရှေ့ ထိုးရပ်လာသည်။

မှူး အမေ့က်ိုလှမ်းအော်နှုတ်ဆက်ရင်း နေသော့်ဆီ သွားလိုက်သည် ။

'' မေချိုရေ...သား နောက့်နေမှ အေးဆေးလာခဲ့မယ်နော်...''

မှူး ဆိုင်ကယ်ပေါ်တက်နေတုန်း နေသော်က အမေ့ကို လှမ်းနှုတ်ဆက်နေခြင်းပင် ။

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Where stories live. Discover now