Part 23

10.1K 592 11
                                    

အဖြူရောင် နှစ်ထပ်တိုက်ကြီးထဲတွင်လူများစည်ကားနေကာ
ရယ်မောပျော်ရွှင်သံများ ဆူညံနေသည်။ အကြောင်းမှာ ဖေဖေနေသော်နဲ့ ဖေဖေမြတ်မှူးအိမ်တို့ရဲ့ တဦးတည်းသော သားလေး နေမြတ်သော် (ခ) နှင်းသီးလေးရဲ့ တနှစ်ပြည့်မွေးနေ့လေး ​...ဖြစ်တာကြောင့် သူ့ဘွားဘွားဆုတို့အိမ်မှာ ထမင်းနဲ့ ကြက်ဘူးအရောရယ် ၊ ပုဇွန်ငံပြာရည်ကြော်ရယ်၊ ဝက်သားဟင်း ၊ ကြ က်သားဟင်း တို့ကို မီးခိုးတိတ် အဝကျွေးနေခြင်းဖြစ်သည်။ သဘောကောင်းမနောကောင်းသော မိသားစုမို့ လူတန်းစားအစုံ လာစားကြသည်။

နေသော်နဲ့မှူးက စတစ်ကော်လံလက်ရှည်အဖြူနဲ့ စိမ်းပြာရောင်သန်းနေသော ပိုးပုဆိုးကို ဆင်တူဝတ်ဆင်ထားသည်။ နှင်းသီးလေးလဲ မှူးတို့နဲ့ဆင်တူ ဂေါ်နေသည်ပေါ့ ။.နှင်းသီးလေးက... ဝဝကစ််ကစ်လေး ဖြစ်သည်။ အသားဖြူဖြူ ပါးဖောင်းကြီးတွေနဲ့ နှုတ်ခမ်းလေးက ....ဝနေတော့ ...အရှေ့ကို ဖူးထွက်နေပြီး ပြာလဲ့နေသော မျက်လုံးတောက်တောက်လေးဖြင့် လူတွေကို လိုက်ကြည့်နေသည်။ နှင်းသီးလေးရဲ့ Daddy က..သူ့သားကို လက်ပေါ်ကမချ၊ ညောင်းမှာစိုးလို့ မှူးတခါ ချီပေးပါ့မယ် ဆိုလဲမရ ။ သူ့ဘာသာ ချီပါ့မယ်တဲ့ ။ ထုတ်သာမပြောတတ်တာ မောင်က မှူးနဲ့ သားကို အရမ်းချစ်တာသိသာသည်။

မှူးတို့ လွန်ခဲ့တဲ့ တနှစ်ကျော်အချိန်များကို ပြန်တွေးကြည့်ရင်..
ပျော်ဖို့အလွန်ကောင်းသလို စိတ်လှုပ်ရှားစရာလဲကောင်းသည်။ baby ယူဖို့.. .လေးလေးမိန်းမ အန်တီရေချယ် အကူအညီဖြင့် US ကို သွားကာ...New York က အန်တီ့ရေချယ်တို့ မိသားစု အိမ်မှာတည်းပြီး  ကလေးလေးအတွတ် စတင်အကောင်အထည်ဖော်ခဲ့ကြသည်။ မျိုးဥဘဏ်ကနေ အမေရိကန်သွေး မမျိုးဥကို အလှူခံကာ နည်းပညာအကူအညီဖြင့် နေသော်နဲ့မှူးတို့ သွေးပါသော ကလေးလေးကို အောင်မြင်ခဲ့သည်။ အငှားကိုယ်ဝန်ဆောင်ဖြင့် ကလေးကို ကိုယ်ဝန်ဆောင်စေသည့် တလျှောက်လုံး ကလေးလေး ကျန်းမာအောင်  ၊ ဥာဏ်ရည်ကောင်းအောင် စသည်ဖြင့် မှူးတို့နှစ်ယောက်လုံး ဂရုစိူက်ခဲ့ကြသည်။ အငှားကိုယ်ဝန်ဆောင်အစ်မကလဲ စိတ်ထားကောင်းသည်မ်ို့သာ တော်သေးသည် ။မဟုတ်ရင် ကဲကဲသဲသဲ တွေဆိုပြီး ထင်သွားမှာ ကြိမ်းသေသည်။
{ ဆေးပညာဆိုင်ရာက သာသာ့စိတ်ကူးပါ....fic အဖြစ်ပဲ မြင်ပေးပါရှင့် }

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Where stories live. Discover now