Part 14

11.1K 718 4
                                    

ဒေါ်ဆုသော် တို့လင်မယား ညနေမှပြန်မည်ဟု တွေးထားသော်လည်း သားတော်မောင်က သားမှူးလေး နေမကောင်းလို့ ဆိုင်ဖွင့်အမှီ ပြန်လာပါဆိုလို့ လင်မယားနှစ်ယောက်မနက်စာတောင် မစားခဲ့တော့ပဲ ပြန်လာခဲ့ကြရသည်။

အိမ်ရောက်တော့လဲ သားမှူးကို မတွေ့တာကြောင့် အပေါ်ထပ်ကအခန်းဆီ သွားကြည့်ကြမယ်လုပ်တော့ သားတော်မောင် ပြောလာသော စကားကြောင့် သွေးတောင် တတ်ချင်သွားသည်။ ဘာတဲ့...ကျွန်တော်တို့ ဆိုင်အပေါ်ထပ်မှာ ပြောင်းနေတော့မှာ ဆိုပဲ ။

သားမက်အလိမ္မာလေးကို သူတစ်ယောက်ထဲ အပိုင်စီးပြီး ယူသွားသလို ဘာလို့ ခံစားလိုက်ရတာပါလိမ့်နော်...။

တစ်ပတ်တစ်ခါ အိမ်ပြန်လာမည်လို့ပြောသွားတာကိုပဲ ကျေးဇူး တင်ရမည်။ ငါ့ဆိုင်ကို သားမှူးကို လွှဲပေးမှာမို​့ ဆိုင်ကိုတော့ လွှတ်ပေးမယ်မလား မေးတော့ လွှတ်ပေးမှာပါတဲ့...တော်ပေသေးသည်။

ရေချိုးမှားလို့ နေမကောင်းဖြစ်တာလားဆိုတော့ မဟုတ်ဘူးဟုသာ ဖြေလာသည်။ ဟင်းဟင်း ဒီလောက်ဆိုရင်တော့...သိလိုက်ပြီ။

သားတော်မောင်က ဖင်ပူအောင်တောင် မထိုင်ပဲ ပြန်သွားတော့သည်။ သားမှူး အိပ်ယာနိုးလို့ သူ့မတွေ့မှာ စိုးရိမ်လို့ပါ တဲ့...။ကိုယ့်သားမှ ဟုတ်ရဲ့လားတောင် လင်မယားနှစ်ယောက် ပြောမိကြသည်အထိ ။ ချစ်တတ်လွန်းသူကြီးပါ...။

ဒေါ်ဆုသော် ဆိုင်ဖွင့်ပြီးမကြာမီတွင် ဆိုင် စဖွင့်ကထဲက လှမ်းလှမ်းကြည့်နေကြသည့် မြတ်နိုးတို့ ကလေးမအုပ်စုကို ခေါ်လိုက်သည်။ ပန်းထိမ်လုပ်နေသော မျိုးကိုလေးကိုလဲ ခေါ်လိုက်သည်။

'' ကလေးမတွေ တီဆုကို ဘာပြောစရာရှိလို့လဲ... ''

'' ဟို...မနေ့ကအကြောင်းပါ တီဆု ''

'' အေး ပြောပါအုံး..ဘာဖြစ်လို့လဲ ''

မြတ်နိုးတို့သုံးယောက်လဲ မနေ့ကဆိုင်ကို ချမ်းသာပွဲရုံပိုင်ရှင်ရဲ့သား လာသည့်အကြောင်းကို ပြောပြလိုက်သည်။ ထို့နောက် အကိုကြီးနေသော် ဆိုင်ထဲဝင်လာပြီး ခဏအကြာ မျက်စိမျက်နှာပျက်ပြီး တောက်စ် ခေါက်ပြန်သွားကြောင်းအပါအဝင် အကိုကြီးနေသော်နဲ့ ကိုမှူး နမ်းကြကြောင်းပါ အားရပါးရ ပြောပြနေကြသည်။

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Where stories live. Discover now