Part 19 (Z)

3.4K 101 2
                                    

မှူးအိပ်နေရင်း တင်းကျပ်စွာ အဖက်ခံလိုက်ရသည်မို့  နိုးတဝက် ဖြစ်လာသည်။ မောင့်ကိုယ်သင်းနံ့ကို ရလိုက်သည်မို့  မောင်ဖက်ထားသည်ဆိုတာ သိလိုက်သည်။ ဟင်   ငါက ပြည်ရောက်နေတာလေ ။ မှူး အိပ်ချင်နေသော မျက်လုံးကို အတင်းအားယူဖွင့်ရင်း မော့ကြည့်လိုက်တော့ မောင် တကယ် ရှိနေသည်မို့ လန့်သွားပြီး ငုတ်တုတ်ထ ထိုင် လိုက်မိသည်။

'' မောင်  မောင် ဘယ်လိုရောက်လာတာလဲ  ဟင်  ''

'' baby ဖုန်းကို သွားယူကြည့်လိုက် အရင် ''

'' ဟင် !!! မောင့်လက်မှာလဲ ပတ်တီးကြီးနဲ့ ဘာဖြစ်တာလဲ မောင် ဟင်  ''

'' ဖုန်းအရင် သွားယူလိုက် baby. '''

ဖုန်းအတင်းသွားယူခိုင်းနေသည်မို့ မှူး သွားယူလိုက်သည်။ ကြည့်လိုက်တော့ မောင် ဖုန်းခေါ်ထားတဲ့အကြိမ်ရေက အများကြီး ဖြစ်နေသည်။

'' မောင် ငါ ဖုန်းကို အသံတိုးမိသွားတာထင်တယ်.. ငါတောင်းပန်ပါတယ် မောင် ငါ ငါ့ကြောင့် ..အင့်..မောင်..
စိတ်ပူပြီး လိုက်လာတာလား အီးးဟီးးး ''

ကုတင်ဘေးတွင် မတ်တတ်ရပ် ပြီး ငိုနေသော ချောကလက်လေး လက်ကို ဆွဲယူပြီး ကုတင်ပေါ် ထိုင်ခိုင်းလိုက်သည် ။ နေသော် လဲ ထ ထိုင်လိုက်ပြီး ချောကလက်လေးကို မျက်ရည်သုတ်ပေးလိုက်သည်။

'' baby အဓိက က အဲ့ကြောင့်တင် မဟုတ်သေးဘူး... ရဝေ ဆိုတဲ့ကောင်ဆီ ဖုန်းဆက်လိုက် ခု ''

'' ဟန်...အွန်း မောင် ''

မှူး မောင့်အပြောကြောင့် ကြောင်နေရမှ ညနေက ရဝေပေးထားသော သူ့နံပါတ် ဆီ ဖုန်းခေါ်လိုက်သည်။ တဖက်က ဖုန်းတန်းကိုင်လာသည်။ မှူးလဲ စပီကာ ဖွင့်ပြီး မောင့်ဆီ ဖုန်း ပေးလိုက်သည်။

'' hello ငမှူး ပြောလေ  ''

'' မြတ်မှူးအိမ် မဟုတ်ဘူး...သူ့ယောက်ျားနေသော် ''

'' အော်...ပြောပါ နေသော် ''

'' ငါ မနက်ဖြန်ည ခုနှစ်နာရီ ကြို့ပင်ကောက် က STAR တည်းခိုခန်း မှာ ပိုင်သူထက်ကို ချိန်းထားတယ်... စိတ်ပါနေအောင် ဆေးပါ သောက်ခိုင်းထားတယ်...မင်း သွားချင်သွား.. မသွားရင်လဲ တကောင်ကောင်နဲ့ ဖြစ်သွားလိမ့်မယ်... သူရော မင်းကိုပါ ငါ သတိပေးလိုက်မယ်...ငါနဲ့ မှူးလေးကို ထပ်ပြီးလာမနွယ်မိစေနဲ့..မဟုရင် ငါ့အဆိုးမဆိုနဲ့.. နောက်တခါဆို ငါ ဘာကောင်လဲဆိုတာ သိစေရမယ် ''

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Where stories live. Discover now