Part 9

11.5K 838 26
                                    

မှူး အိမ်အတွက်လိုအပ်တာတွေကို သုံးရက်တစ်ခါ စျေးဝယ်လေ့ရှိသည်။ ဒီနေ့ စျေးဝယ်ရက်ဖြစ်တာကြောင့် ခုမနက်ပိုင်း မေဆုနဲ့အတူတူစျေးကိုလိုက်လာခဲ့သည်။

လိုအပ်တာတွေ အကုန်ဝယ်ပြီးနောက် စျေးအလည်က  ​ရွှေရင်အေးနှင့်ဆနွမ်းမကင်းရောင်းသည့်ဆိုင်သို့ မှူးသွားလိုက်သည်။ဇီးကုန်းမှာဆို စျေးအတွင်းရှိရွှေရည်အေးဆိုင်ရဲ့အရသာက အကောင်းဆုံးဖြစ်သည်။မှူး ဟိုးငယ်ငယ်လေးကတည်းက အမြဲလာဝယ်သောက်လေ့ရှိသည်။

ဆိုင်တွင်းရှိ စားပွဲဝိုင်းလေးတစ်ဝိုင်းမှာ ဝင်ထိုင်လိုက်ရင်း ဆနွမ်းမကင်းငါးရာဖိုးနှင့် ရွှေရင်အေးတစ်ခွက်မှာလိုက်သည်။ နဲနဲစောနေသေးသည်မို့ ဆိုင်ထဲတွင် မှူးတစ်ယောက်သာ ရှိသေးပေသည်။ မှူးအကျင့်က သူကြိုက်တာဆို မနက်ခင်းအစားစာမဟုတ်လဲ အချိန်အခါမရွေးပဲစားတက်သည့်အကျင့်ရှိသည်။

ခဏအကြာတွင် အန်တီကြီးကမှာထားတာတွေ လာချပေးသည်။ မှူး ရွှေရင်အေးသောက်ရန် ခေါင်းငုံ့လိုက်ချိန်တွင် မှူး အရှေ့၌ ဖြူသွယ်သွယ် ခြေထောက်တစ်စုံ ပေါ်လာသည်မို့ မှူးမော့ကြည့်လိုက်တော့ မှူးနဲ့ခန္ဓာကိုယ်မတိမ်းမယိမ်း ဖြူသွယ်သွယ် ကောင်လေးတစ်ယောက်ကို တေွ့လိုက်ရသည်။ ထိုသူက အဝါရောင်တီရှပ်နဲ့ဘောင်းဘီတိုကို တွဲဝတ်ဆင်ထားပြီး နားဆွဲရှည်တစ်ဖက်လဲဝတ်ထားကာ သူ​ဌေးသားမှန်းသိသာ​​ပြီးကြွရွနေသည်။

'' ​ထိုင်မယ်နော်...''

တစ်ဖက်က ခွင့်တောင်းလာသည်မို့ မှူး အသာခေါင်းညိတ်​ပြီး ပြန်ဖြေလိုက်သည်။

'' ရပါတယ်.. ထိုင်ပါ...''

'' မင်းက မြတ်မှူးအိမ်...ဟုတ်တယ်နော်...''

'' ဟုတ်တယ်... မြတ်မှူးအိမ် ပါ...''

'' ငါ့နာမည်က ပိုင်သူထက်ပါ...''

'' အင်း...ဘာကိစ္စရှိလို့လဲ မသိ...''

'' ငါ သွယ်ဝိုက်ပြောမနေတော့ဘူး၊ငါ... ကိုနေ့ကို ချစ်နေလို့၊အစက သူ straight ထင်လို့ ငါ့ဘက်ကလိုက်မပြောရဲခဲ့ဘူး၊ခု သူ မင်းနဲ့ လက်ထပ်လိုက်မှ ငါ့အတွက်မျှော်လင့်ချက်ရှိလာခဲ့တာ...ဒါနဲ့ မင်းတို့က မိဘပေးစားလို့ ယူထားကြတာဆို...''

 💖 ချစ်ခြင်းတရားတို့ ဆုံဆည်းရာ💖 ( Completed)  Where stories live. Discover now