2

847 87 5
                                    

Happy Seulgi Day!

°°°

•Jenga ကစားဖူးလား။
တစ်စုံတစ်ယောက်ရဲ့ခြေလှမ်းက အားလုံးရဲ့ဘ၀တွေနဲ့ဆိုင်နေတာမျိုးလေ။
ရှုံးသွားတာ သူပေမယ့် ပြိုလဲသွားတာ ငါတို့အားလုံးမို့။
မပြိုလဲခဲ့တောင် ငါတို့နှလုံးသားတွေမှာ နေရာလွတ်တွေရှိနေခဲ့ပြီ။•

စားပွဲပေါ်မှာအအေးခွက် လေးခွက် ရှိနေသည့် အလယ်မှာတော့ ချိစ်ကိတ်တစ်စိတ်သာ ပုံပျက်ပန်းပျက်ရှိနေသည်။
လေးယောက်လုံး ဖုန်းကိုသာ အာရုံစိုက်နေပေမယ့် ရှင်း သိချင်တာတစ်ခု ၀င်လာသဖြင့်

"နင်ငါ့ တီတီကို ကြိုက်နေတာလား ဆူးလ်ဂီ"

သုံးယောက်လုံး အကြည့်ဟာ ရှင်းနဲ့ဆူးလ်ဂီဆီကို ရောက်လာသည်။

"ဘယ်လိုလဲ ငါနဲ့အမျိုးတော်ချင်လား ရှင်း"

"တကယ် ကြိုက်တာမဟုတ်ရင် မစနဲ့ ဆူးလ်ဂီ"

ဆိုဂျောင်းက ကြားက ၀င်ဟန့်သည်။ဒါဟာ ဆိုဂျောင်းပုံစံပါဘဲ။အမြဲ မျက်နှာတည်နေတတ်ပြီး လိုအပ်သည်ကိုဘဲ တစ်ခွန်းဆိုတစ်ခွန်း ထုတ်ပြောတဲ့လူ။

"ရား! ငါစိတ်မပါရင် ဘယ်တုန်းက လုပ်ဖူးလို့လဲ"

"ဒီနှစ်တွေ အတွင်းဘဲလေ"ဆောက ဆိုဂျောင်းကို လက်နဲ့ဟန့်သည်။
ဒါလောက်နဲ့ဆိုဂျောင်းကို တားလို့ရမှာမဟုတ်မှန်း အကုန်သိသည်။

"ဟန်ဆောင်ပြီး အရွဲ့တိုက်နေတာတော်သင့်ပြီဆူးလ်ဂီ။ငါတို့အကုန်မပြောဖြစ်ပေမယ့် နင့်ပုံစံအမှန်ကိုဘဲ မြင်ချင်တယ်။ဘာလို့ဆို အဲ့တာကမှ နင်မလို့လေ"

ဆူးလ်ဂီက နေရခက်စွာ ပြုံးသည်။ပြီးတော့ ရှင်းကို ခေါ်လိုက်ကာ

"ဒီနှစ်တွေ မတိုင်ခင်ကတည်းက ငါနင့်တီတီကို သဘောကျလာတာ ရှင်းရ"

-

"ရှင်း"

‌ခေါ်လိုက်သူဟာ ဆော ပေမယ့် ရှင်း ဆိုဂျောင်းကို ကြည့်မိသည်။
အရိပ်အကဲသိသည့်ဆိုဂျောင်းက ငါအပြင်ထွက်ပေးမယ် အေးဆေးနေကြဆိုပြီး ထွက်သွားသည်။
ဆိုဂျောင်းဟာ သိပ် ပွင့်ပွင့်လင်းလင်း‌ပြုမူသူဖြစ်သည်။သူ့နေရာမှာ တခြားသူသာဆို တခြားအကြောင်းပြချက်တစ်ခုနဲ့ရှောင်ထွက်ပေးမှာမှန်ပေမယ့် သူကတော့ထိုသို့မဟုတ်။

Missed CallWhere stories live. Discover now