18

600 63 16
                                    

Hellooo!! တအားကို ကြာသွားတာမို့ အားလည်းနာပါတယ်။ မဖတ်ခင် အရင် နှစ်ပိုင်း သုံးပိုင်းလောက် ပြန်ဖတ်ပေးကြဖို့ ပြောချင်ပါတယ်။ မေ့သွားလောက်ပြီ ဆိုတော့လေ။
‌ဇာတ်သိမ်းပိုင်းလည်း အမြန်ဆုံး လာမှာပါ။ စောင့်နေပေးခဲ့လို့ ကျေးဇူးပါ။

-

‌မှတ်ဉာဏ်တွေဟာ ရေဒီယိုတစ်ခုလို ပျံ့နှံ့လာတယ်။
မမြင်ရပေမယ့် အသံတွေဟာ ထိုနေ့တွေတုန်းကလို။

ရှင်းရဲ့ ငါနင့်ကို ကူညီတာ ဒီတစ်ခါနောက်ဆုံးဘဲ ဆိုတဲ့ စကားနောက်မှာ သူမတောင်းပန်စကား အထပ်ထပ် ဆိုခဲ့မှန်း မှတ်မိတယ်။

ဟျွန်းအသံကိုလည်း ကြားရတယ်။ဘာတွေ ပြောနေမှန်း မမှတ်မိပေမယ့် ငိုသံတွေကိုတော့ ရှင်းရှင်းလင်းလင်း ကြားနေရတုန်းဘဲ။

အဲ့နောက် ဆူးလ်ဂီ ရင်တွေ တအားနာလာပြီး လန့်နိုးလာတယ်။
သိမှု မသိမှု အကုန် စုပ်ယူခံထားရသလို ဖော်မပြနိုင်တဲ့ နာကျင်မှုတွေနဲ့နိုးလာတယ်။

ဟိုတယ်ခန်း တစ်ခန်းမှာ ရောက်နေပေမယ့် သူမ ငှားထားတဲ့ အခန်းမဟုတ်တာတော့ သိသည်။ နောက်ဆုံးမှတ်ဉာဏ်ကို စဉ်းစားလိုက်တော့ ၀မ်ဖြစ်သည်။

သို့ပေမယ့် အခန်းထဲမှာ ၀မ် မရှိ။ ဆူးလ်ဂီ မျက်လုံးတွေကို ပြန်မှိတ်ထားလိုက်သည်။ ဆုံးဖြတ်ချက် တစ်ခု ကို အမှောင်ထုထဲမှာ ချခဲ့သည်။

-

အဘိုးအဘွားတို့ ရှိရာဆီ ပြန်သွားဖို့ ဆူးလ်ဂီ ဆုံးဖြတ်လိုက်တယ်။
ဟျွန်းကို အားနာတယ်။ နာကျင်ရတာချင်း အတူတူကို ဆူးလ်ဂီက ပိုနာသလို ဖြစ်ချင်ခဲ့ပြီး တစ်ဖက်ကိုပါ ဆူးလ်ဂီကို နာကျင်စေချင်ခဲ့တာ။သို့ပေမယ့် အခု ချိန် ဟျွန်းကိုတွေ့ရင် တောင် ဆူးလ်ဂီ သူ့ကို နာကျင်အောင် ထပ်လုပ်မိမှာဘဲ။ ဘယ်လိုဘဲ မဟုတ်ဘူးဆိုတာကို သိသိ ဟျွန်းကိုတွေ့လိုက်တိုင်း ဟျွန်း နာကျင်ရအောင်ဘဲ လုပ်မိနေမှာ။
ချစ်တတ်တယ် ဆိုပြီး သွေးနားထင်ရောက်ခဲ့ပေမယ့် အချစ်ကို မကိုင်တွယ်နိုင်ခဲ့ဘူး ဖြစ်သွားတယ်။

ဒါဟာ ဆူးလ်ဂီရဲ့ လိုအပ်ချက်။ ညံ့ဖျင်းမှုဘဲ။
ဟျွန်းဘက်က အချက်တွေကိုတော့ ထပ်မစဉ်းစားချင်တော့။
သိမှု မသိမှု မကွဲပြားနိုင်တဲ့ထိ နာကျင်မှုမသိတော့သည်ထိ ဆုပ်ယူခံထားရတာမို့။

Missed CallWhere stories live. Discover now