3

662 83 9
                                    

ကင်မရာကို ပြန်ကြည့်လိုက်တော့ မသဲကွဲသည့် ဝါးတားတား ပုံတစ်ပုံကို မြင်ရသည်။
တပ်ထားသည့် လေးထောင့်ပုံ မျက်မှန်ကို ချွတ်လိုက်ကာ အရှေ့က မြင်ကွင်းကို ငေးကြည့်တော့ စိတ်ချမ်းသာရသည်။

ခဏကြာတော့ ကင်မရာကို အိတ်ထဲ ထည့်ကာ ထွက်လာလိုက်တော့သည်။

လှေကားတစ်လျှောက် ခပ်မှန်မှန်ဆင်းလာခဲ့ရင်း ကားရပ်ထားတဲ့နေရာရောက်တော့ အနည်းငယ်ပင်မောနေသလို။
ကားထဲ ရောက်မှ ကင်မရာထည့်ထားတဲ့အိတ်ကို ဘေးခုံပေါ် တင်ကာ ခုနက ချွတ်ထားသည့် မျက်မှန်ကို တပ်ရင်း ခဏ နားမိသည်။

ဖုန်းကို စစ်ကြည့်တော့ အမေ့ဆီက ဖုန်းကောလ်တစ်ခုသာ ရှိသည်။
ပြန်ဆက်ဖို့ မလိုသည့်ဟာမို့ ကားကိုသာ ဖြည်းညင်းစွာ မောင်း ထွက်လာလိုက်တော့သည်။

-

မျက်မှန်တပ်ထားတာမို့ မြင်ကွင်းတွေကို ရှင်းလင်းစွာမြင်နေရသည်။
ဆောင်း၀င်ပြီမို့ ဘေးပတ်လည်မှာ နွေးထွေးအောင်ကြိုးစားနေတဲ့လူတွေဟာ အပြည့်။

ဆောင်းရာသီမှာ ‌လူတွေက နွေဦးရောက်လာတော့မှာဆိုပြီး အားတင်းထားတတ်ကြတယ်တဲ့။
ဆောင်းရာသီရဲ့ အလှအပကို ခံစားဖို့ မတွေးကြဘဲနဲ့လေ။
သိပ်ရယ်ချင်စရာ ကောင်းတဲ့ လူတွေ။

ဟော..

ကားကို ရပ်လိုက်တော့ ဘယ်ကတည်းက ကားတားနေမှန်း မသိသော သူမမျက်မှာ ၀င်းပသွားတာ မြင်ရသည်။
မှန်ကို ချလိုက်တော့ သူက ကိုင်းလာကာ

"ကျေးဇူးတင်ပါတယ် ကျွန်မ ကားတားနေတာ အတော်ကြာ- အော် ဆူးလ်ဂီ ဟုတ်တယ်မလား"

မှတ်မိနေတာဘဲ။

"ဒီနားက လူနည်းနည်းပြတ်တယ်လေ။ ကားပေါ်တက်ပါ အေးနေမှာပေါ့"

သူက၀မ်းပန်းတသာနဲ့ ချက်ချင်းလက်ခံကာ ကားတစ်ဖက်ကို ပြေးလာကာ ၀င်ထိုင်လေရဲ့။
ကားထဲက အပူပေးစက်ကို ပိုမြှင့်လိုက်တော့ သူက ကျေးဇူးတင်စကားဆိုသည်။

"ဘယ်ကို လိုက်ပို့ပေးရမလဲ park Sooyoung shi"

"ကျွန်မကို ရင်းရင်းနှီးနှီး ဆူယောင်းလို့ဘဲ ခေါ်လို့ရပါတယ်။"

Missed CallWhere stories live. Discover now