5

595 85 2
                                    

ခြံတံခါး ဘဲလ်ကို သုံးခါလောက် ဆင့်နှိပ်တော့မှ အိမ်ထဲကနေ အရိပ်တစ်ခုထွက်လာသည်။
ရှင်းရယ် တီတီရယ် နှစ်ယောက်တည်းသာ နေတဲ့အိမ်မို့ တီတီဟာ ခြံ၀က သူ့ကိုခပ်လှမ်းလှမ်းကနေ စူးစိုက်ကြည့်သည်။
သူမမှန်းသိသွားတော့ မျက်နှာပေါ် အရိပ်အချို့ဖြတ်ပြေးသွားသည်။
ဒီမိန်းမဟာ ဆူးလ်ဂီဒီ‌ရောက်လာလိမ့်မယ်လို့ မတွေးခဲ့ဘူးထင်တယ်။

"ဘာကိစ္စလဲ"

ခြံတံခါးကို မဖွင့်ပေးဘဲ တစ်ဖက်ခြမ်းကနေသူကမေးတယ်။

"ငါ့ကို ထားခဲ့တာဘဲ Rene"

သူဟာ ဂရုမစိုက်သည့်ဟန်နဲ့ချောင်းတစ်ချက်ဟန့်သည်။
အနောက်ဘက် လမ်းမပေါ်က ကားဟာ ခပ်ဖြေးဖြေး ထွက်ခွာသည်။

"တံခါးဖွင့်ပေးပါအုံး"

"ဘာအတွက်လဲ"

ဆူးလ်ဂီ ခြံတံခါးသံတိုင်ကို ပုံမှန်ထက် ပိုခပ်တင်းတင်းဆုပ်ကိုင်ရင်း စိတ်လျှော့လိုက်ကာ

"တစ်ခုဘဲ...တစ်ခုဘဲ ဖြေပေးပါ။ဘာလို့..ဘာလို့ ပြန်မလာခဲ့တာလဲ။
ဘာလို့ ငါ့ကို အဲ့အထိ ခေါ်သွားပြီးမှ-"

စိတ်ရှုပ်ထွေးမှုတွေကြောင့်စကားဟာ မဆက်နိုင်တော့။လေပူတွေကို မှုတ်ထုတ်သော်ငြားထူးခြားမလာ။rene က အအေးဓာတ်ကြောင့်ထင်ရဲ့ သူ့လက်မောင်းတွေကို အအေးဓာတ်လျော့အောင် ပွတ်သပ်နေရင်းနဲ့ သူ့ကိုမကြည့်ဘဲ ဖြေတယ်။

"လက်တုန့်ပြန်တာ ...မင်းငါ့ကိုလုပ်ခဲ့သလို ပြန်လုပ်ခဲ့တာ။"

ဆိတ်ငြိမ်နေတဲ့ တိုက်တန်းလမ်းကြားထဲက အရုဏ်တက်ချိန်ကို ဆူးလ်ဂီ ပြန်ရောက်သွားသည်။
စိတ်ရှုပ်ထွေးမှုတွေကြားမှ အပြုံးတစ်ခုကို ကြိုးစားဖန်တီးရင်း...

"ကျေနပ်လား။ "
"Rene စိတ်ကျေနပ်သွားပြီလား"

ခြံတံခါးကို ဆုပ်ကိုင်ထားတဲ့လက်တွေနဲ့ မျက်နှာကို ဖိကပ်တော့ သံတံခါးရဲ့ အအေးဓာတ်ကိုရသည်။

"အင်း...သိပ်စိတ်ကျေနပ်တယ်"

ဒီမိန်းမနှယ်...

မျက်နှာပေါ်အုပ်ထားတဲ့လက်တွေကို ဖယ်ခွာတဲ့အချိန် ဆူးလ်ဂီမျက်နှာပေါ်မှာ အပြုံးတစ်ချို့သာ ပါသည်။

Missed CallWhere stories live. Discover now