• 1 •

880 94 17
                                    

Unicode Version

" အို အဖဘုရားသခင် အပြစ်သား အကျွန်ုပ်ကို ဤဆင်းရဲတွင်းမှ လွတ်မြောက်ခွင့်ပေးတော်မူပါ "

နင်က မွေးကိုမမွေးလာခဲ့သင့်တာ

" ဘုရားသခင်၏ ကျေးဇူးတော်အောက် အကျွန်ုပ်ကိုကောင်းချီးပေးပါစေ "

နင့်ကြောင့် ငါ့အစ်ကိုသေရတာ

" မကောင်းသောလမ်းကို အကျွန်ုပ်ရှောင်ကြဉ်ပါမည် "

နင့်ကို နင့်အမေကိုယ်ဝန်စရှိကတည်းက ငါတို့အသိုင်းအဝိုင်းမှာ အနှောင့်အယှက်တွေစဝင်တော့တာပဲ

" ဘုရားသခင်၏ နာမတော်၌ ဆုတောင်းဆက်ကပ်အပ်နှံပါ၏၊ ထာဝရဘုရားသခင်၏ ခွင့်လွှတ်ခြင်းဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ အာမင် "

နင်က တကယ့်ဂြိုဟ်ဆိုးကောင်လေးပဲ လီဟယ်ချန်း

ဆုတောင်းသံလေးရပ်တန့်သွားတဲ့နောက်မှာ ဘုရားကျောင်းကတိတ်တဆိတ်ဖြစ်သွားတယ်။ ဘုရားကျောင်းထဲမှာ လူနှစ်ယောက်ထဲရှိတာကြောင့်လဲပါမှာပေါ့။ နာရီကိုကြည့်လိုက်တော့ မနက်ဆယ်နာရီထိုးခါနီးနေပြီ။ ဒီအချိန်ဆို နေရမယ့်အဆောင်ခန်းမှာ နေရာတွေချရတော့မယ်။ ထိုင်တာကြာလို့ ထုံကျင်နေတဲ့ခြေထောက်‌နှစ်ချောင်းကို ခပ်သွက်သွက်လေးအလုပ်ပေးလိုက်ပြီး ခြောက်ကပ်နေတဲ့ ဘုရားကျောင်းထဲက ထွက်လာခဲ့တယ်။

တက္ကသိုလ်တက်ရခါနီးဖြစ်တာမို့လို့ တက္ကသိုလ်ဝန်းကျင်တဝိုက်မှာ အဆောင်နေသူတွေနဲ့ ကျောင်းလာအပ်တဲ့သူတွေ ခြေချင်းလိမ်နေကြတယ်။ ငှားထားတဲ့အဆောင်က ကျောင်းနဲ့နီးတဲ့နေရာမို့လို့ တော်သေးသည်လို့ပြောရမည်။ မဟုတ်ရင် အဆောင်နဲ့ကျောင်းကိုပြေးနေရတာနဲ့တင် လမ်းပေါ်မှာပဲအချိန်ကုန်တော့မည်မဟုတ်ပါလား...

မိုးရာသီကာလဖြစ်သော်ငြားလဲ နေ့လည်ခင်းက နွေးနွေးထွေးထွေးရှိလို့နေတယ်။ အဆောင်ခန်းတစ်ခန်းမှာ သုံးယောက်နေရတာကြောင့် အခန်းဖော်တွေရဲ့ကုတင်ကိုကြည့်လိုက်တော့ တစ်ယောက်က အစောကြီးလာပြီး ပြင်ဆင်သွားပုံရသည်။ အိပ်ရာတွေ အဝတ်အစားတွေ စာအုပ်တွေအကုန်လုံးကို သူ့နေရာနဲ့သူ သေသေသပ်သပ်လာထားသွားနှင့်ပြီ။ နောက်တစ်ယောက်ကတော့ အခုထိရောက်လာသေးပုံမရ။ ဗလာကျင်းနေတဲ့ကုတင်နဲ့ ပြောင်ရှင်းနဲ့တဲ့စာကြည့်စားပွဲကိုသာ တွေ့ရသည်။

Restore The 90sWhere stories live. Discover now