• 5 •

240 38 4
                                    

Unicode Version

ဟွာယောင်းအဆောင်ရဲ့ ကျောင်းပိတ်ရက်မနက်ခင်းကို ပုံဖော်ရမယ်ဆိုရင် စိတ်လက်ပေါ့ပါးစရာအတိ။ အနားယူရခြင်းက စိတ်ကျေနပ်စရာပဲ။ ကျောင်းပိတ်ရက်မလို့ အိမ်ပြန်တဲ့လူတွေကပြန်ကြသလို အဆောင်မှာပဲကျန်ခဲ့ကြတဲ့လူတွေကလည်း အေးအေးလူလူနဲ့ အားလပ်ရက်ကိုဖြတ်သန်းကြတယ်။

ဂျယ်မင်းတောင်မှ ဟယ်ချန်းဖွင့်ထားတဲ့ ရေဒီယိုကထုတ်လွှင့်တဲ့ ခေတ်ဟောင်းသီချင်းတွေကို စိတ်လိုလက်ရနဲ့ ခပ်တိုးတိုးလိုက်ဆိုနေခဲ့သေးတယ်။ နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ သွားလာလှုပ်ရှားမှုတွေက ပေါ့ပေါ့ပါးပါးနဲ့။ ပြတင်းပေါက်ရဲ့ တံစက်မြိတ်မှာချိတ်ထားတဲ့ ဒေစီကိုရေလောင်းနေတဲ့ ဟယ်ချန်းက ထိုသွက်လက်ပေါ့ပါးမှုကိုတွေကို ခပ်ပြုံးပြုံးနဲ့ လိုက်ကြည့်နေတော့တာပဲ။

" ပြန်လာပြီလား "

တံခါးဖွင့်သံနဲ့အတူ ဂျယ်မင်းရဲ့ သွက်လက်နေတဲ့အသံကိုကြားလိုက်ရတယ်။ ဂျယ်နိုပြန်လာပြီထင်တယ်။ ရေပန်းကရားကိုအောက်ပြန်ချလိုက်ပြီး လှည့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း ဂျယ်နိုဖြစ်နေတယ်။ အထုပ်အပိုးတွေနဲ့ ဂျယ်နိုကို ဂျယ်မင်းက ဘေးကကူပေးတယ်။

" ငါမရှိတဲ့အချိန် နှစ်ယောက်လုံး ကောင်းကောင်းမွန်မွန်နေကြရဲ့လား "

" ဘာတွေပြောနေတာလဲ မနေ့ညက သူအဆောင်မှာ ပြန်မအိပ်ဘူးလေ "

ဂျယ်မင်းရဲ့ ခပ်ပြတ်ပြတ်စကားအဆုံးမှာ ဟယ်ချန်းက လန့်ဖြန့်သွားရတော့တာပဲ။ မပြောလောက်ဘူးလို့ ထင်ထားခဲ့တာ။

" အယ် ဟုတ်လား ဟယ်ချန်း? မင်းပြောတော့ ပိတ်ရက်ကို ဘယ်မှမသွားဘူးဆို "

" အာ အဲ့တာက... "

ဖြစ်နိုင်ချေရှိမယ့် ဆင်ခြေတစ်ခုကို ခေါင်းထဲမှာ အသည်းအသန်တွေးတောရတယ်။ ဘာမှတော့ မဖြစ်လောက်ပေမယ့် အမှန်တိုင်းပြောလိုက်ဖို့တော့ စိတ်ကူးမရှိဘူး။

" ကိစ္စတစ်ခုရှိလို့ ဒေါ်လေးတို့အိမ်မှာ ဝင်အိပ်ဖြစ်သွားတာ "

ခေါင်းတညိတ်ညိတ်နဲ့ ဂျယ်နိုက မေးခွန်းတွေတော့ ထပ်မမေးတော့။

Restore The 90sWhere stories live. Discover now