Unicode Version
ဘုရားသခင်က သူ့ကိုမုန်းနေတယ်။
ဗလာထင်နေတဲ့ ကင်းဗတ်စအဖြူဟာ ခြောက်ခြားစရာကောင်းခဲ့တယ်။ မှတ်မိသလောက်တော့ မနေ့က ကြာသပတေးရဲ့ည။ ဆေးစပ်ထားတဲ့ခွက်ပေါ်က ဆေးရောင်စုံတွေဟာ ခြောက်သွေ့သွေ့ရယ်။ အရောင်ရောတဲ့ ရေခွက်တွေကလည်း ပေပေရေရေပါပဲ။
အခုဆိုရင် သူ့စတူဒီယိုဟာ အမှောင်ခန်းတစ်ခုရဲ့ အသွင်ကိုဆောင်တယ်။ ပင့်ကူအိမ်တစ်ခုနဲ့တောင် တူနေသေးတယ်။ ခြောက်သွေ့သွားတဲ့ ပန်းတွေနဲ့ဆင်တယ်။ မြူမှိုင်းလိုပဲ။
တင့်တင့်တယ်တယ်ရှိသမျှဆိုလို့ အဝတ်စဖြူအုပ်ထားတဲ့ ကင်းဗတ်စအပေါ်က ဆေးရောင်စုံတစ်ဝက်တစ်ပျက်နဲ့ ပုံမပေါ်သေးတဲ့ ပန်းချီကားတစ်ချပ်ပဲရှိတယ်။ စုတ်တံကိုင်ထားတဲ့လက်ဟာ ကိုက်ခဲလာတယ်။ လွှတ်ချလိုက်ဖို့ရာလည်း သူ့မှာမဝံ့မရဲ။ ဝန်လေးရတယ်။
လျော့ရိလျော့ရဲခြေလှမ်းတွေနဲ့ မှန်ရှေ့သွားရပ်လိုက်တော့ သူ စက်ဆုပ်ရွံရှာခဲ့တဲ့ပုံရိပ်ကို ကူကယ်ရာမဲ့စွာမြင်ရတယ်။ သူရယ်ချလိုက်မိတော့တာပဲ။ ရူးသွပ်သွားသလိုမျိုး။ သူရယ်တော့ မှန်ထဲကပုံရိပ်ကလည်း သူ့အတိုင်းလိုက်ရယ်တယ်။ သူ့ကို လှောင်ပြောင်နေခဲ့တဲ့အတိုင်း။
အား!!!
ခွမ်းခနဲမြည်သံနဲ့အတူ ညာဘက်လက်သီးဆုပ်တစ်ခုလုံး ပူတက်လာတယ်။ မှန်ထဲက ပုံရိပ်ကလည်း အစိပ်စိပ်အမွှာမွှာဖြစ်သွားတယ်။ အနီရောင်သွေးစတွေက ရဲခနဲ။ သူ့လက်မှာ ပေနေတာ အနီရောင်ဆေးစက်တွေလား သွေးစက်တွေလား မသဲကွဲတော့။
သူ ရူးချင်နေပြီလို့ထင်တယ်။
မဟုတ်ဘူး သူက ရူးပြီးသားပဲ။
ဒါမှမဟုတ် သူ ငိုချင်နေခဲ့တာလား။ပျက်စီးသွားတဲ့ မှန်ထဲက ပုံရိပ်က သူ့ကိုစိုက်ကြည့်နေတယ်။ မှန်ကွဲစတွေစိုက်နေတဲ့လက်နဲ့ သူ့မျက်နှာကို ထိတွေ့ကြည့်တော့ အပိုင်းပိုင်းပြတ်နေတဲ့ မှန်ထဲကပုံရိပ်ဟာလည်း ကိုယ့်မျက်နှာကိုယ် ပြန်ထိတွေ့လာတယ်။
" လီမင်ဟျောင်း... "
သူ့အသံတွေ တုန်ယင်နေတယ်။ ပျက်စီးသွားတဲ့ ပုံရိပ်ဟာ လီမင်ဟျောင်းဖြစ်နေရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ တစ်စစီဖြစ်ပြီး နောက်ဆုံး အစအနပျောက်သွားတဲ့အထိ။
YOU ARE READING
Restore The 90s
FanfictionA person changed for two reasons 1. Someone special come into their life. 2. Someone special left their life.