• 3 •

295 59 5
                                    

Unicode Version

ဆိုးလ်မြို့ရဲ့ နေ့လည်ခင်းက အနည်းငယ်အိုက်စပ်စပ်နိုင်တယ်။ လူဦးရေထူထပ်တာကြောင့်လည်းပါမှာပေါ့။ အပူဒဏ်ကိုမခံနိုင်တဲ့ ဟယ်ချန်းကတော့ ချွေးအထွက်လွန်ပြီး ငြီးစိစိဖြစ်လာရတာပဲ။ ပိတ်ရက်ဖြစ်နေသေးတာမလို့ အဆောင်ကကုတင်ပေါ်မှာ ဟိုဘက်လှိမ့်လိုက်၊ ဒီဘက်လှိမ့်လိုက်လုပ်ရင်းနဲ့ပဲ အချိန်ဖြုန်းနေရတယ်။ ဒီလိုရာသီဥတုအခြေအနေနဲ့ စာလုပ်နိုင်မှာမဟုတ်သေးဘူး။

ပျင်းရိပျင်းတွဲနဲ့ သူ့ဘေးဘက်ကိုလှည့်ကြည့်လိုက်တော့ အလယ်မှာနေရာလွတ်နေတဲ့ကုတင်တစ်လုံးကိုအရင်တွေ့ရတယ်။ လီဂျယ်နိုဆိုတဲ့အခန်းဖော်က အခုထိပြန်မလာသေးဘူး။ မနေ့ကတည်းက ပိတ်ရက်မလို့အိမ်ပြန်မယ်ဆိုပြီး ထွက်သွားတာ အခုထိပြန်မရောက်သေးဘူးပဲ။ ကြည့်ရတာ မနက်ဖြန်ကျောင်းမဖွင့်ခင်မှ ပြန်ရောက်လာမယ်ထင်တယ်။ လွတ်နေတဲ့ကုတင်ရဲ့ ဘေးဘက်မှာတော့ သူ့ကိုကျောပေးပြီး စာထိုင်လုပ်နေတဲ့ နောက်ထပ်အခန်းဖော်တစ်ယောက်ရဲ့ကျောပြင်ကိုတွေ့ရတယ်။

သူနဲ့ဂျယ်မင်းနဲ့ အဆောင်တစ်ခန်းတည်းနေပြီး အခုထိစကားမပြောဖူးသေးဘူးဆိုရင် ဘယ်သူမှယုံမှာမဟုတ်လောက်ဘူး။ ဒါပေမယ့်လည်း အဲ့တာကငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပဲ။ သူ့ဘက်စပြောတိုင်းလည်း ဂျယ်မင်းကမသိချင်ယောင်ဆောင်တာ ထုံးစံလိုဖြစ်နေပြီ။

တစ်ခန်းတည်းအတူနေပြီး ဒီလိုလေစိမ်းအတိုက်ခံနေရတဲ့ခံစားချက်က ဟယ်ချန်းကို အိမ်မြှောင်အမြှီးပြတ်နေသလိုမျိုး နေရထိုင်ရခက်စေတယ်။

ဒီတစ်​ခေါက်လောက် ထပ်ကြိုးစားကြည့်ရမလား?

အတွေးထက်အရင် သူ့ရဲ့ခြေထောက်တွေကကုတင်ပေါ်ကနေထပြီး ဂျယ်မင်းရဲ့စားပွဲအနားကိုလျှောက်သွားနှင့်နေပြီးပြီ။

" အဟမ်း! "

ဘယ်လိုစကားစပြောရမလဲမသိလို့ အသံကျယ်ကျယ်နဲ့ချောင်းတစ်ချက်ဟန့်လိုက်တာ အသုံးဝင်တယ်လို့ပြောရမယ်။ ဂျယ်မင်းရဲ့မျက်လုံးတွေက စာအုပ်ပေါ်ကနေ သူ့ဘေးမှာရပ်နေတဲ့ ဟယ်ချန်းဆီကိုရောက်လာတယ်။

Restore The 90sWhere stories live. Discover now