Chapter 31

2.3K 438 28
                                    

Unicode

ဒီအပိုင်းကစပြီး E tranမရှိတော့တဲ့အတွက် အိုင်က chinese ကနေယူပြန်ထားပါတယ်။လေ့လာဆဲမလို့ ၁၀၀ ရာခိုင်နှုန်း မမှန်ပေမဲ့ MTLက မပြန်ထားဘူးဆိုတာတော့ အာမခံပါတယ်။


စားသောက်ကြမည့်နေရာသည်က လုကျန့်ဖေး ခဏခဏဆိုသလိုကို သွားတတ်သည့် အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်ပင်ဖြစ်သည်။

ချန်ချန်းချင်းသည် ခုတလော စားချင်သောက်ချင်စိတ် အာသီသကသိပ်မရှိလှပေ။ထို့ကြောင့်ပင် ဘာစားရစားရ သူဂရုမစိုက်။ လုကျန့်ဖေးက စတိခ်စားဖို့အဆိုပြုလိုက်တော့လည်း သူသဘောသာတူပစ်လိုက်သည်။

တကယ်တမ်းကျ ညဘက်ကျင်းပသည့် ဤကဲ့သို့ပရိုက်ဗိတ်ပါတီမျိုးသည်က အများအားဖြင့် လူစုလူဝေးနှင့် ပျော်ပျော်ပါးပါးစားသောက်ကြရမှာမျိုးဖြစ်သည်။ သို့သော် လုကျန်းဖေးသည်က စိတ်ထဲမှာအခြားကိစ္စကို တွေးနေသည်မို့ အိမ်ရှင်ဖြစ်သူ၏ ဖိတ်ခေါ်ချက်ကို ငြင်းပယ်ကာ ချန်ချန်းချင်းနှင့် နှစ်ကိုယ်တည်းစားဖို့သာ ရွေးချယ်လိုက်သည်။ ကျိန်းသေပေါက် ရွှီရှောင်ရန်ကိုတော့ မဖြစ်မနေ ခေါ်လာခဲ့ရသည် ဖြစ်၏။

စားသောက်ဆိုင်ရောက်တော့ သုံးယောက်သားက စားသောက်ဖွယ်ရာတွေမှာလိုက်ကြသည်။

အမြည်းသဘောလောက်စားပြီးသည်နှင့် ချန်ချန်းချင်းက မတ်တပ်ထရပ်ကာ သန့်စင်ခန်းသွားလေသည်။ ယင်းအ​ချိန်ကို အခွင့်ကောင်းယူကာ လုကျန်းဖေးက ရွှီရှောင်ရန်နှင့် အသေးစိတ်ကို အမြန်အဆန် ဆွေးနွေးလိုက်၏။

"မင်း ဆေးယူလာလား"

ရွှီရှောင်ရန်က စွတ်ပြုတ်သောက်နေချိန်မို့ ခေါင်းငုံ့ထားရင်းဖြင့်

"ယူလာတယ်"

လုကျန်းဖေးက ဆိုလိုက်သည်။

"မင်း အဲ့ဒါကို အချိန်မရွေး၊ နေရာမရွေး ဆောင်ထားတာလား။ ရွှီရှောင်ရန်....မင်းလိုလူ မြင်တောင်မမြင်ဖူးဘူး"

ရွှီရှောင်ရန်က ရယ်မောလိုက်ရင်း

"ဒါပေမဲ့ လုကျန့်ဖေး...ငါကဆေးယူလာတာဟုတ်ပေမဲ့ ခုချိန်မှာ ဆေးလိုအပ်နေတဲ့လူက မင်းပဲလေ"

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now