Chapter 44

2.2K 395 6
                                    

Unicode

ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ချန်ချန်းချင်းသည် နောက်ဆုံးစာမေးပွဲကို ဖြေဆိုပြီးစီးခဲ့၏။

စာမေးပွဲဖြေပြီးနောက် ကျူ့မောက်က သူ့အား အခြေအနေဘယ်လိုရှိလဲဟု မေးလာသည်။ ချန်ချန်းချင်းက ဘောပင်ကိုကိုင်ထားကာ ခဏကြာမျှ တိတ်ဆိတ်နေရင်း

"အောင်လောက်မှာပါ"

အမှန်တိုင်းပြောရလျှင်တော့ သူမသိ။  သို့သော် သူမဖြေနိုင်လည်း ကိစ္စမရှိချေ။ လုကျန့်ဖေးက သူ့အား ဘွဲ့ရအောင် လုပ်ပေးလိမ့်မည်ပင်။

ချန်ချန်းချင်း မှတ်မိသေးသည်။တစ်ချိန်တုန်းက တရုတ်က တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေကြသော ဘယ်သူဘယ်ဝါဆိုသူများဟာ ဘာသာရပ်တစ်ခုကို ကျရှုံးခဲ့ကြသည်။ထိုဘာသာရပ်ကိုသင်သော ပရော်ဖက်ဆာအိုကြီးကလည်း ခေါင်းမာပြီး အအောင်ပေးဖို့ငြင်းဆန်လေ၏။ နောက်ဆုံး ကျောင်းဟာ ရွေးစရာမရှိစွာဖြင့် ထိုဘာသာရပ်ကို ပယ်ဖျက်ရတော့သည်။

ဤကမ္ဘာမှာ တရားမျှတမှုမရှိဟူ၍ ပြောမရချေ။ သင်သာ အတိုင်းအတာတစ်ခုထိ အင်အားကြီးလာချိန်မှာ သင့်ကို ထိန်းထားနိုင်သည့်တစ်ခုတည်းသော အရာက ကိုယ်ကျင့်တရားပါပင်။

စာမေးပွဲပြီးတော့ ချန်ချန်းချင်းက လုကျန့်ဖေးထံပြန်လာသည်။ ဟုတ်တာပေါ့။ သူပြန်လာချိန်မှာ သူနှင့်အတူရှောင်ဟွားကိုပါ ခေါ်လာလေသည်။

ချန်ချန်းချင်း အိမ်ပြန်လာတော့မည်ကို သိတော့ လုကျန့်ဖေးက အိမ်မှာပင် တမင်တကာ စောင့်နေလေသည်။ သို့သော်လည်း ချန်ချန်းချင်းပြန်လာချိန်မှာ အိတ်ကပ်ထဲ ကြောင်လေးပါထည့်လာမည်ဟု ထင်မထားမိခဲ့။ သူ အနည်းငယ် ကြောင်အမ်းသွားရင်း

"ချန်းချင်း မင်းက တိရစ္ဆာန်လေးတွေကို သဘောမကျဘူးမလား"

ချန်ချန်းချင်းက ရှောင်ဟွားကို သူ့ကုတ်အင်္ကျီအိတ်ကပ်ထဲထည့်လာကာ အိမ်ရောက်ခါမှ ထုတ်လိုက်လေသည်။

"ငါ့မှာ ဘာမှလုပ်စရာမရှိလို့။ မွေးထားပြီး ကစားချင်ရုံပဲ"

ရှောင်ဟွားက အနည်းငယ်ကြီးလာပြီဖြစ်သည်။ သူက ချန်ချန်းချင်းခြေထောက်နားမှာ ငုတ်တုတ်ထိုင်ရင်း လုကျန့်ဖေးကိုတွေ့တော့ နားရွက်လေးထောင်လာသည်။ လုကျန့်ဖေးက လက်လှမ်းလာချိန်မှာတော့ မာန်ဖီလိုက်လေ၏။

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now