Chapter 54

2.1K 382 20
                                    

Unicode


ကမ္ဘာပေါ်မှာ ယောကျာ်းတစ်ယောက်အတွက် ဝမ်းနည်းဖွယ်အကောင်းဆုံးအရာဟာ သင့်ချစ်သူဟာ သင့်ကို ဦးထုပ်စိမ်းဆောင်းပေးတာပင်ဖြစ်သည်။ ထိုထပ်ပို၍ ဝမ်းနည်းစရာကောင်းသည်က သင့်ချစ်သူက သင့်ကို ဦးထုပ်စိမ်းဆောင်းပေးနေချိန်မှာ သင်ကတော့ အိမ်မှာ ပိတ်လှောင်ခံထားရကာ ဘယ်မှမသွားရခြင်းပါပေ။

ယခုတော့ ကံကောင်းစွာဖြင့် လုကျန့်ဖေးဟာ ဦးထုပ်စိမ်းတပ်မတော်ကြီး၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့လေပြီ။

လုကျန့်ဖေး၏ ဖုန်းကို ဟွမ်ယွိဖင်နှင့် လုကျုံ့ချန်တို့က ထိန်းသိမ်းထားကြရာ အပြင်ဘက်ကမ္ဘာကြီးနှင့် ဆက်သွယ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါပေ။

သို့သော်လည်း သူ့မှာ ရှုန်းခုန့်(bro-con) ညီမတစ်ယောက်ရှိနေတာ အလွန်ကံဆိုးလှပေသည်။ထို့ကြောင့်ပင် လုယီချင်းက ဝမ်ဝူးလင် လက်မောင်းကြားမှာ ပွေ့ဖက်ခံထားရသည့်ချန်ချန်းချင်း၏ဓါတ်ပုံကိုပြလာချိန်မှာ သူဟာ လုယီချင်း၏ ဖုန်းကို ကြမ်းပေါ်သို့ ချက်ချင်း ရိုက်ခွဲပစ်တော့သည်။

လုကျန့်ဖေး၏ ကြောက်မက်ဖွယ်ရာ မျက်နှာထားနှင့်ရင်ဆိုင်လိုက်ရတော့ လုယီချင်းက အမြန်အဆန်ဖျောင်းဖျလာလေ၏။

"ကိုကို..ညီမပြောပါတယ် သူက လူကောင်းမဟုတ်ဘူးလို့။ ကြည့်လေ ကိုကို့ကို အကျယ်ချုပ်ချထားတာမှ ရက်နည်းနည်းပဲရှိသေးတယ်။ သူက တခြားကို မြူဆွယ်နေပြီ"

လုကျန့်ဖေးမျက်နှာက မဲမှောင်လာကာ မေးလိုက်၏။

"အဲ့လူက ဘယ်သူလဲ"

"ဝမ်အိမ်တော်က အကြီးဆုံးသား ဝမ်ဝူးလင်တဲ့"

"သူတို့အခု ဘယ်မှာလဲ"

လုယီချင်းက လုကျန့်ဖေး၏ မျက်နှာအမူအရာကို ဂရုတစိုက်ကြည့်ကာ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဖြေလိုက်၏။

"မြို့တော် D မှာ"

ထိုအခါ လုကျန့်ဖေး မျက်နှာက ပိုလို့တောင်ကြည့်ရဆိုးလာတော့သည်။ မူလက သူဟာ ချန်ချန်းချင်းနှင့်အတူ မြို့တော် D သို့ သွားဖို့ရာ စီစဥ်ထားတာဖြစ်သည်။

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now