Chapter 2

7.4K 1K 49
                                    

Zawgyi

Translator :oink_oink_95

လုကျန်းဖေးသည် စရိုက်ဆိုးရွားရုံပင်မက ဆိုးဆိုးရွားရွား ပြုခဲ့မိသေးသည်။ သူတစ်ခုခုပြောချင်သော်လည်း သူ့ကိုယ်ခန္ဓာတွင် တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားသိရှိရလိုက်မိသည်။မှန်ပေ၏။ မေ့ဆေးပြေလာသောကြောင့် ခြေထောက်အနာမှ ဆိုးရွားစွာပင် ခန္ဓာကိုယ်တစ်လျှောက် နာကျင်လာခဲ့သည်။ ထိုနာကျင်မှုကပင် သူ့ကို လက်ရှိအချိန်သို့ ပြန်၍ ခေါ်ဆောင်လာခဲ့လေသည်။

"ကျွန်တော့ ခြေထောက်တွေဘာဖြစ်သွားတာလဲ"

လုကျန်းဖေး မေးလိုက်သည်။

ထိုစကားကြားပြီးသည့်နောက်ဝယ် ဆရာဝန်သည် ကြောင်အသွားသည်။ အတန်ငယ် တွန့်ဆုတ်နေပြီးကာမှ ဆုံးဖြတ်လိုက်ဟန်ဖြင့်

" အက်ဆီးဒင့် ဖြစ်ပြီး ခြေထောက်ကျိုးသွားတာပါ"

"အက်ဆီးဒင့် ကြောင့် ကျိုးသွားတာ?"

လုကျန်းဖေးသည် မိသားစု ခေါင်းဆောင် အဖြစ် ဆက်ခံသူတစ်ယောက်ဖြစ်လေသည့်အတွက် ထိုစကားများသူ့ကို ဘယ်သူမှ မပြောရဲဖူးခဲ့။ အေးစက်စွာပင် မေးခွန်းပြန်ထုတ်၍ မေးလိုက်သည်။

"အက်ဆီးဒင့်ကြောင့် ခြေထောက်ကျိုးသွားတယ် ဆိုတာကို ပိုပြီး တိတိကျကျလေး ပြောပြပေးနိုင်မလား"

ဆရာဝန်၏ နဖူးတွင် ချွေးများ သီးနေလျက်။ အမှန်တကယ်၌မူ သူ့ရှေ့မှလူသည် ဆေးရုံတက်ရတာ တစ်ခါ နှစ်ခါ မကတော့...ရောက်လာတိုင်းလည်း ဒဏ်ရာအပြည့်နှင့်ပင်။ သနားစရာကောင်းသော်လည်း ထိုသနားစိတ်ကလေးမှာ ဘောင်မဝင်... အဘယ့်ကြောင့်ဆိုသော် ထိုဒဏ်ရာများကိုဖြစ်စေသည့်တရားခံကမူ လုံးဝ နောင်တတရား ကင်းနေသောကြောင့်ပင်။

ခုတခေါက်မတိုင်ခင် ရောက်လာချိန်တချို့တွင်မူ မစ္စတာချန် သည် အမြဲတစေ တစ်ကိုယ်လုံး အေးစက်၍ ရောက်လာလေ့ရှိခဲ့သည်။ ဘာတွေဖြစ်ခဲ့၍ ဘယ်သူ လုပ်ခဲ့လဲ မသိ။ သို့သော် အခုတော့ သူကတောင် ဘာတွေဖြစ်ခဲ့လဲ ပြန်မေးနေရသလား။ သူ့ခေါင်းများ တစ်ခုခု ထိသွားတာလား? ထိုအတွေးပေါ်လာသည်နှင့် ဆရာဝန်သည် ပို၍ ပင် ဦးနှောက်ခြောက် လာရတော့လေသည်။

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now