Chapter 1

524 61 4
                                    

Zawgyi

ငပျင်းတစ်ကောင်ရဲ့စွန့်စားခန်း
အပိုင်း(၁) : ပြန်လည်မွေးဖွားဖို့အခွင့်အရေး

"နေတော်တော်ပူတာပဲကွာ..ဒီလောက်ပူနေတာကို စာသင်နေတဲ့သူက ရှိသေးတယ်အံ့ပါ့" ရဲ့ဟန်တစ်ယောက် သင်္ချာတစ်ပုဒ်ကိုမပြီးနိုင်မစီးနိုင် ရှင်းနေသောဆရာအား ကြည့်ကာ မကျေမနပ် ရေရွတ်လိုက်လေသည်။

ဆရာစာသင်နေသည်ကို နားထောင်ရင်း တဖြည်းဖြည်း မျက်တောင်များစင်းလာကာ အိပ်ပျော်သွားပြီး ဟောက်သံများပင် ထွက်လာလေသည်။ ဆရာမှာ ဟောက်သများကြားသဖြင့် အတန်းထဲသို့ကြည့်လိုက်ရာ တရားခံကိုတွေ့လေပြီ။ တရားခံကား ရဲ့ဟန်။ အိပ်နေသည်မှာ သွားရည်များပင် ကျနေလေသည်။

"ဒင်းက ငါ့ကို သက်သက် စိတ်အနှောက်အယှက် ပေးနေတာပဲ" လက်ထဲမှမြေဖြူဖြင့် ရဲ့ဟန်၏ခေါင်းအား ပစ်ပေါက်လိုက်လေသည်။

"ဒေါက်" မြေဖြူမှာ ရဲ့ဟန်၏ခေါင်းကို တည့်မတ်စွာထိပြီး မြေပေါ်သို့ ကျသွားလေ၏။

"အား ဘယ်ကောင်ပစ်တာလဲကွ။ ငါအိပ်နေတာမနှောက်ယှက်လို့မရဘူးလား" ဟု အော်ဟစ်ပြီးမှ သူ့ကိုစိုက်ကြည့်နေသောဆရာကိုမြင်လျှင် မျက်လုံးများပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြုံးပြလိုက်လေသည်။

"ရဲ့ဟန်၊ မင်း ငါ့စာသင်ချိန်မှာ အိပ်ရဲတယ်ပေါ့။ မင်း ငါ့စာသင်ချိန်မပြီးမချင်း မတ်တပ်ရပ်နေစမ်း" ဆရာက ဒေါသတကြီး အော်လိုက်သည်။

ရဲ့ဟန်လည်း စိတ်မပါလက်မပါရပ်နေရင်းမှ တစ်ခဏခန့်ကြာသော် မျက်လုံးများစင်းလာပြန်လေသည်။ ထိုအခိုက် သူ၏ရင်ဘတ်မှ ရုတ်တရက်ထိုးအောင့်လာကာ အသက်ရှူရခက်ခဲလာသဖြင့် ရင်ဘတ်ကိုအုပ်ကိုင်ပြီး လဲကျသွားတော့သည်။

အာရုံခံစားမှုမှာ တတိတိဆုံးရှုံးလာပြီး အမှောင်ချောက်နက်သို့မကျရောက်ခင် နောက်ဆုံးကြားလိုက်ရသောအသံများမှာ အတန်းဖော်များနှင့် ဆရာ၏စိုးရိမ်တကြီးအော်သံများပင် ဖြစ်သည်။

'နောက်ဆုံးတော့ ငါအေးဆေးအိပ်ရပြီပေါ့'

ထို့နောက် လောကကြီးနှင့်လည်း အဆက်အသွယ်ပြတ်တောက်သွားလေသည်။

ငပျင်းတစ်ကောင်၏စွန့်စားခန်းWhere stories live. Discover now